” သူမရဲ့မွေးနေ့မှာအံ့အားသင့်စရာပြောင်းလဲသွားတဲ့အမိုက်စားခန္ဓာကိုယ်နဲ့ ကျက်သရေရှိလှတဲ့ အလှပုံရိပ်တွေကို တင်လာခဲ့တဲ့ မြတ်သူသူ”

Posted on

CeleGabarပရိသတ်ကြီးရေ မြတ်သူသူကတော့ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြတဲ့သူလေးပါ။မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ပရိသတ်တွေသိလာခဲ့ပြီးနောက် ရိုက်ကူးသမျှဇာတ်ကောင်တွေကိုပရိသတ်ကနှစ်ခြိုက်အားပေးဝန်းရံခဲ့ကြတာပါ။

ဒါ့အပြင်သူမရဲ့အချစ်ရေးကိုလည်း ချစ်သူရှိကြောင်းပွင့်လင်းစွာ ချပြထားသူလေးပါ။အမြဲလိုလိုအလှူအတန်း ကုသိုလ်တွေကိုရောက်တဲ့နေရာမှာရရင်ရသလိုပြုလုပ်တတ်သူလေးပါ။အခုချိန်မှာ အနုပညယအလုပ်တွေကိုရပ်နားထားပေမယ့် ချစ်ရတဲ့ပရိသတ်တွေနဲ့ကတော့သူမရဲ့ဆိုရှယ်မီဒီယာတဆင့်အဆက်အသွယ်မပြတ် ရှိနေတာပါ။

ဒီနေ့ကျရောက်တဲ့ ဂျွန်လ၁၄ရက်နေ့ကတော့ သူမရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သူမရဲ့ချစ်သူနဲ့ ချသ်ရတဲ့ မိတ်ဆွေသူငယ်ချင်း၊ပရိသတ်တွေဟာလည်း အမျိုးမျိုးသောမွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးနေကြတာပါ။ သူမကိုယ်တိုင်လည်း”Happy Birthday MTT 🎂”ဆိုတဲ့စာလေးနဲ့ သူမရဲ့မွေးနေ့အမှတ်တရအမိုက်စားအလှပုံရိပ်လေးတွေကို သူမရဲ့Pageကနေတင်လာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း မြတ်သူလေး ဘာတွေထူးခြားနေလည်းဆိုတာ ပုံလေးတွေကြည့်ပြီးမှတ်ချက်ပေးခဲ့ကြပါဦးနော်။


Koe-CeleGabar
Soure – MyatThuThu
ZawgyiFontဖြင့်ဖတ်ရန်






Koe-CeleGabar
Soure – MyatThuThu