အလိုတော်ပြည့်ဆရာတော်ဘုရားကြီးရဲ့ မွေးနေ့အလှူမှာ လုပ်အားဒါနပါဝင်ကုသိုလ်ယူခဲ့တဲ့ မျိုးစန္ဒီကျော်

Posted on

ပရိသတ်ကြီးရေ မျိုးစန္ဒီကျော်ကတော့ တစ်ခေတ်တစ်ခါက ထိပ်တန်းမင်းသမီးတစ်လက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကိုယ်ပိုင်စီးပွားရေးအလုပ်လေးတွေနဲ့အတူ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေခဲ့ပါသေးတယ်။

မျိုးစန္ဒီကျော်ကတော့ အသက်အရွယ်လေးရလာတဲ့နဲ့အညီလည်း ဘာသာရေးနဲ့ ကုသိုလ်ရေးတွေကို ပိုမိုလုပ်ကိုင်နေခဲ့ပါသေးတယ်။ ငွေအားနဲ့ လှူဒါန်းတဲ့ ဒါနအလှူလေးတွေကိုလည်း ပြုလုပ်နေခဲ့သလို လုပ်အားဒါနကုသိုလ်တွေကိုလည်း ပြုလုပ်လျှက်ရှိပါတယ်။ မနေ့က ဇွန်လ (၁၃)ရက်နေ့မှာလည်း မျိုးစန္ဒီကျော်က အလိုတော်ပြည့်ဆရာတော်ဘုရားကြီးရဲ့ သက်တော် (၇၈)ပြည့်မွေးနေ့မင်္ဂလာအလှူမှာသံဃာတော် (၇၈)ပါးနဲ့အိမ်ထောင်စု၂၅၀အတွက် ဆန်၊ ဆီ၊ ဆား၊ ဆေး၊ ကြက်သွန် လှူဒါန်းရာမှာ သွားရောက်ပြီး လုပ်အားဒါန ကုသိုလ်ယူခဲ့ပါသေးတယ်။

မျိုးစန္ဒီကျော်ကတော့ လုပ်အားကုသိုလ်လေးပါဝင်ခဲ့ကြောင်းကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အလှူမှတ်တမ်းပုံရိပ်လေးတွေနဲ့အတူ မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleGabar ပရိသတ်မျိုးစန္ဒီကျော်ရဲ့ လုပ်အားဒါနကုသိုလ်လေးတွေကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Myo Sandy Kyaw
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Myo Sandy Kyaw
Chilli – CeleGabar