” သေဆုံးသွားတဲ့ သူမရဲ့ခွေးမလေး ဘရန်ဒီအတွက်ရည်စူးကာ တရားနာရေစက်ချကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့တဲ့ ဝေလာရီ ”
Posted on
CeleGabar ပရိသတ်ကြီးရေဝေလာရီ​ေလးကတော့ မိမော်ဆိုပြီး နှင်းဆီဇာတ်လမ်းတွဲမှာပရိသတ်အားပေး​ခံခဲ့ရတဲ့ မင်းသမီးလေးပါ။ သူမအနေနဲ့ လတ်တလောမှာ အသက်တမျှချစ်ရတဲ့သူမရဲ့ခွေးလေးဆုံးပါးသွားတာကြောင့် ခံစားနေရတာပဲ ဖြစ်ပါတယ်။
သူမအနေနဲ့သူမရဲ့ခွေးလေးအတွက်ရည်စူးကာ”ဒီနေ့ မီးမီး ဘရန်ဒီလေးကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလေးတွေ ပြုခဲ့ပါတယ် … မီးမီး ဘရန်ဒီလေး ကုသိုလ်တွေ ထပ်တူ ရရှိခံစားနိုင်ပါစေ … 🙏🏻🙏🏻🙏🏻”ဆိုတဲ့စာလေးနဲ့အတူ ဆွမ်းကပ်ကာ တရားနာ ရေစက်ချ ကုသိုလ်လေးတွေပြုလုပ်ခဲ့တာပါ။
“မီးလေးအတွက် မေလတုန်းက အမှတ်တရဆွဲခဲ့တဲ့ ပုံလေး …ဒီလိုနေရာမျိုးမှာ သုံးရလိမ့်မယ်လို့ မမ မထင်ခဲ့ဘူးနော် …ချစ် ဘရန်ဒီလေး …
မမပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို မီးလေး ခံစားရရှိပါစေ 💕”ဆိုတဲ့စာလေးနဲ့ လှူဒါန်းမှုအစုစုတို့ရဲ့ပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်းဝေလာရီရဲ့ခွေးမလေး မီးမီး ဘရန်ဒီလေး ကောင်းတဲ့ဘုံဘဝရောက်ရှိစေဖို့မေတ္တာပို့ပေးခဲ့ကြပါဦးနော်။
Koe-CeleGabar
Soure – WaiLarRi
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Soure – WaiLarRi