” မွေးဖွားပြီးပြီးချင်းမိခင်ဆုံးပါးသွားတဲ့ အမွှာသမီးလေး ၃ ယောက်အတွက် အလှူငွေတစ်သိန်းကျပ်လှူဒါန်းခဲ့တဲ့ဆောင်းယွန်းစံ”

Posted on

Cele Gabarပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ အနုပညာလောကမှာ မော်ဒယ်လ်မင်းသမီးအနေနဲ့ အချိန်အတော်ကြာအောင် လျှောက်လှမ်းခဲ့ပြီးနောက် ( ၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေရင်ထဲကို ပိုမိုရောက်ရှိစေခဲ့တဲ့သူပါ။ ဒါ့အပြင် အမြဲအလှူရေစက်လက်နဲ့မကွာအောင် ရရင်ရသလို လှူဒါန်းလေ့ရှိတဲ့မင်းသမီးလေးလည်း ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ”ပြည်သူ့ဆေးရုံ(ကြို့ပင်ကောက်မြို့) တက်ရောက်ကုသနေသော မီးဖွားလူနာ(ကွယ်လွန်)၏ အမွှာသမီးလေး ၃ ယောက်အတွက်သရုပ်ဆောင်မင်းသမီးလေး ဆောင်းယွန်းစံ မှအလှူငွေ တစ်သိန်းကျပ်တိတိ ထည့်ဝင်လှူဒါန်းပါသည်ရှင့်🙏”ဆိုတဲ့စာလေးနဲ့ MayMayThuThuအကောင့်ကနေဖော်ပြလာခဲ့တာပါ။


ပရဟိတအလှူအတန်းတွေနဲ့ပတ်သက်ရင်ရရင်ရသလိုကူညီဖေးမတတ်တဲ့မင်းသမီးချောလေးရဲ့စိတ်ထားကတော့တကယ့်ကိုချီးကျူးစရာပါ။CeleGabarပရိသတ်တွေလည်း ဆောင်းယွန်းစံရဲ့အလှူကုသိုလ်အတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Koe-CeleGabar
Source – Saung Yoon San

” ေမြးဖြားၿပီးၿပီးခ်င္းမိခင္ဆုံးပါးသြားတဲ့ အမႊာသမီးေလး ၃ ေယာက္အတြက္ အလႉေငြတစ္သိန္းက်ပ္လႉဒါန္းခဲ့တဲ့ေဆာင္းယြန္းစံ”

Cele Gabarပရိသတ္ႀကီးေရ ေဆာင္းယြန္းစံကေတာ့ အႏုပညာေလာကမွာ ေမာ္ဒယ္လ္မင္းသမီးအေနနဲ႔ အခ်ိန္အေတာ္ၾကာေအာင္ ေလွ်ာက္လွမ္းခဲ့ၿပီးေနာက္ ( ၂၀၁၈) အကယ္ဒမီေ႐ႊႀကိဳကေန ပရိသတ္ေတြရင္ထဲကို ပိုမိုေရာက္ရွိေစခဲ့တဲ့သူပါ။ ဒါ့အျပင္ အၿမဲအလႉေရစက္လက္နဲ႔မကြာေအာင္ ရရင္ရသလို လႉဒါန္းေလ့ရွိတဲ့မင္းသမီးေလးလည္း ျဖစ္ပါတယ္။

ဒီေန႔မွာလည္း ”ျပည္သူ႔ေဆး႐ုံ(ႀကိဳ႕ပင္ေကာက္ၿမိဳ႕) တက္ေရာက္ကုသေနေသာ မီးဖြားလူနာ(ကြယ္လြန္)၏ အမႊာသမီးေလး ၃ ေယာက္အတြက္သ႐ုပ္ေဆာင္မင္းသမီးေလး ေဆာင္းယြန္းစံ မွအလႉေငြ တစ္သိန္းက်ပ္တိတိ ထည့္ဝင္လႉဒါန္းပါသည္ရွင့္🙏”ဆိုတဲ့စာေလးနဲ႔ MayMayThuThuအေကာင့္ကေနေဖာ္ျပလာခဲ့တာပါ။


ပရဟိတအလႉအတန္းေတြနဲ႔ပတ္သက္ရင္ရရင္ရသလိုကူညီေဖးမတတ္တဲ့မင္းသမီးေခ်ာေလးရဲ႕စိတ္ထားကေတာ့တကယ့္ကိုခ်ီးက်ဴးစရာပါ။CeleGabarပရိသတ္ေတြလည္း ေဆာင္းယြန္းစံရဲ႕အလႉကုသိုလ္အတြက္သာဓုေခၚခဲ့ၾကပါဦးေနာ္။

Koe-CeleGabar
Source – Saung Yoon San