ဖေဖေ ဦးခင်လှိုင်နဲ့အတူတူ ကြော်ငြာ (၃) ခုတောင်ရိုက်ကူးထားတဲ့ သဇင်ထူးမြင့်

Posted on

နိုင်ငံကျော် ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးခင်လှိုင် ကတော့ သားသမီး သုံးယောက်ထဲက (၂) ယောက်ကို သူ့ရဲ့အနုပညာအမွေတွေ ပေးထားတယ်လို့ဆိုရမှာပါ ။ သားလတ် နေရဲ နဲ့ သမီးအငယ်ဆုံးလေး သဇင်ထူးမြင့်က အခုဆိုရင် အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြပြီဖြစ်ပြီး ဖခင်ရဲ့ခြေရာကိုနင်းနေကြပါပြီဖြစ်ပြီး ပရိသတ်တွေကလည်း အရမ်းကိုအားပေးခဲ့ကြတာပါ ။

သဲ လို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ သဇင်ထူးမြင့်ကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ Thazin Htoo Myint – Thel ဆိုတဲ့ Page ကနေတဆင့် Vlog လေးတွေကို ပရိသတ်တွေကို မျှဝေပေးနေတာပဲဖြစ်ပါတယ် ။ လတ်တလော မှာတော့ Vlog လေးတစ်ခုကို ရိုက်ကူးထားပြီး ဒီ vlogလေးကတော့ ဖေဖေနဲ့သဲအတူတူရိုက်ကူးဖြစ်တဲ့ကြော်ငြာရိုက်ကူးရေးလှုပ်ရှားပုံလေးတွေပဲဖြစ်ပါတယ် ။ သဇင်ထူးမြင့်က ဖေဖေနဲ့သဲအတူတူရိုက်ကူးဖြစ်တာ ဒါနဲ့ဆို သုံးခုရှိပါပြီ…. ‘ဥဒေါင်းမင်း ခြင်ဆေးခွေကြော်ငြာလေး မကြာခင် လွှင့်ပါမယ် ဆိုတဲ့စာသားလေးနဲ့အတူ ဒီ Vlog လေးကို မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ် ။

ဖေဖေ ဒါရိုက်တာအနေနဲ့ရိုက်ကူးထားပြီး သဲသရုပ်ဆောင်ထားတဲ့ MV လေးလည်း ထွက်ပြီးတဲ့ အခါ vlogေ လေးတင်ပေးမယ်လို့ ပရိသတ်တွေကိုအသိပေးထားပါသေးတယ် ။ ပရိသတ်တွေကတော့ သူမရဲ့ Vlog လေးကို သားအဖ နှစ်ယောက် အရမ်းချစ်ဖို့ကောင်းတယ် ဆိုတဲ့ မှတ်ချက်လေးတွေပေးထားကြပါသေးတယ် ။ Cele Gabar ပရိသတ်ကြီးအတွက် ဖေဖေဦးခင်လှိုင်နဲ့ သဲတို့ရဲ့ ချစ်စဖွယ် ကြော်ငြာ ရိုက်ကူးမှု Vlog လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

https://www.facebook.com/permalink.php?story_fbid=789435411889936&id=100024704536705

Source : Thazin Htoo Myint
Emily (cele Gabar )