မိဘနှစ်ပါးနဲ့အတူ မန္တလေးတောင်ပေါ်ဘုရားကို သွားရောက်ဖူးမျှော်ခဲ့တဲ့ စိုးပြည့်သဇင်

Posted on

ပရိသတ်ကြီးရေ စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်သရုပ်ဆောင်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ အေးချမ်းစွာနေထိုင်တတ်ပြီး လက်ရှိအချိန်အထိ မိဘတွေနဲ့ တူတူပျော်ရွှင်စွာအချိန်တွေကို ဖြတ်သန်းနေခဲ့ပါတယ်။

လတ်တလောမှာတော့ စိုးပြည့်သဇင်က သူ့ရဲ့မိဘနှစ်ပါးနဲ့အတူ မန္တလေးမြို့ကိုရောက်ရှိနေပြီး မန္တလေးတောင်ပေါ်သွားရောက်လည်ပတ်ခဲ့ပါတယ်။ မန္တလေးတောင်ပေါ်က ဘုရားကိုလည်း ဖူးမျှော်ခဲ့ပြီး ချစ်ရတဲ့ ပရိသတ်တွေအတွက် မန္တလေးတောင်ပေါ်မှာရိုက်ကူးထားတဲ့ သူရဲ့ ပုံလေးတွေကို အလွမ်းပြေအဖြစ်နဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

ပုံလေေးတွနဲ့အတူ စိုးပြည့်သဇင်ကတော့ ရွှေမန်းမြေရောက်မမတစ်ယောက်ဆိုပြီး တော့လည်း ပရိသတ်တွေကို အရွန်းဖော်ကထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ မန္တလေးတောင်ပေါ်မှာ မြန်မာဆန်ဆန် လှနေတဲ့ စိုးပြည့်ရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Soe Pyae Thazin
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Soe Pyae Thazin
Chilli – CeleGabar