ပီတိတွေဝေဖြာခဲ့ရတဲ့ သူ့ရဲ့စတုဒီသာအလှူမှတ်တမ်းပုံလေးတွေကို မျှဝေခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Posted on

ပရိသတ်ကြီးရေ ဒီဇိုင်နာမျိုးမင်းစိုးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာကျရောက်ခဲတဲ့သူရဲ့မွေးနေ့ရက်မြတ်လေးမှာ စတုဒီသာ အလှူလေးတစ်ခုပြုလုပ်ခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ မျိုးမင်းစိုးကတော့ သူ့ရဲ့အလှူလေးမှာ လာရောက်သုံးဆောင်ပေးကြတဲ့ သူတွေ အားရပါးရသုံးဆောင်ပေးကြတာကြောင့် အလှူလေးကို ပီတိတွေဖြစ်နေခဲ့ပါတယ်။

အလှူလေးကိ ပီတိတွေဖြစ်နေခဲ့ကြောင့် ချစ်ရတဲ့ ပရိသတ်တွေလည်း ပီတိကုသိုလ်တွေထပ်တူရရှိစေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “စတုဒိသာ အလှု ကျွန်တော်ငယ်ငယ်ကတည်းက စတုဒိသာအလှူတွေ လှူနေတာတွေ့တဲ့အခါ အားပါးတရ ထိုင်စားနေကြတဲ့ လူကြီး လူငယ် ခလေးတွေ တွေ့ရင် အင်မတန် အလွန်သဘောကျခဲ့မိတယ်။ ကိုယ်တိုင်လည်း ကြုံတဲ့အခါ ဝင်စားတာပဲ။ အိုးကြီးချက်အရသာက စားရခဲတယ်လေ။ အဲ့တာတွေကြောင့်……မကြာခဏ စတုဒိသာ လှူဖြစ်စေတဲ့ အချက်ပါပဲ။ကျွန်တော့်ရဲ့ အလှုလေးကြောင့်တခဏတာ လေးပဲဖြစ်ပါစေ စိတ်ချမ်းမြေ့အဆင်ပြေတယ်ဆို ကျေနပ်မိပါတယ်။

အခုလည်း ကျွန်တော့်ရဲ့ မွေးနေ့စတုဒိသာအလှုလေးကို လူ(၈၀၀)ကျော်အားပါးတရ ကြိတ်ကြိတ်တိုးမြိန်ယှက်စွာလာရောက်သုံးဆောင်ကြလို့ပီတိအလွန်ဖြစ်ပြီးဝမ်းသာမဆုံးပါ။နောက်ထပ်လည်းအများကြီး ကျွေးနိင်လှုနိုင်ဖို့ အများကြီးကြိုးစားနေပါမယ်….” ဆိုပြီး အလှူမှတ်တမ်းပုံရိပ်လေးတွေကိုပါ မျှဝေဖော်ပြလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ အခုလို မြိန်ယှက်စွာသုံးတောင်နေကြတာကို မြင်ရတော့ အလှူရှင်မပြောနဲ့ ဘေးကကြည့်တဲ့သူတောင်ပီတိဖြစ်ရပါတယ်နော်။

Source – Myo Min Soe
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Myo Min Soe
Chilli – CeleGabar