တစ်ယောက်နဲ့တစ်ယောက် ဖေဖေးမမ ချစ်ခင်နေတဲ့ ကလေးတွေကိုကြည့်ပြီး သဘောကျပီတိဖြစ်နေခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင် ပရဟိတသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ရင်သွေးလေးမှားဂေဟာကိုဖွင့်လှစ်ထားပြီး ရင်ခွင့်မဲ့ကလေးငယ်တွေရဲ့ ခိုလုံရာတစ်ခုအဖြစ်ဖန်တီးထားခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ လူမမယ်ကလေးငယ်တွေကို မိခင်အရင်းသဖွယ်စောင့်ရှောက်နေခဲ့ပြီး ကလေးတွေက အခုဆိုရင် တော်တော်လေးကို အရွယ်ရောက်နေကြတဲ့ အထိဖြစ်နေခဲ့ပါပြီ။ ကလေးတွေကလည်း လိမ္မာရေးချားရှိပြီး မေမေခိုင်နှင်းဝေအပေါ်မှာလည်း သိတတ်လိမ္မာလွန်းကြပါတယ်။ လက်ရှိမှာလည်း ကလေးတွေတစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်ရှိကြပြီး

အကြီးလေးတွေက အငယ်လေးတွေကို ဖေးဖေးမမနဲ့ မေမေတွေ ဆရာမလေးတွေမအားတဲ့အချိန်မှာ အငယ်လေးတွေကို ကူထိန်းပေးနေခဲ့တာကြောင့် ခိုင်နှင်းဝေက ကြည့်ပြီး ပီတိဖြစ်နေခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ ကလေးတွေကတော့ မေမေခိုင် စိတ်ချမ်းသာရအောင် တကယ်ကို လိမ္မာကြတာပဲနော်။

Source – Khine Hnin Wai
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-

တစ္ေယာက္နဲ႕တစ္ေယာက္ ေဖေဖးမမ ခ်စ္ခင္ေနတဲ့ ကေလးေတြကိုၾကည့္ျပီး သေဘာက်ပီတိျဖစ္ေနခဲ့တဲ့ ခိုင္နွင္းေဝ

ပရိသတ္ၾကီးေရ ခိုင္နွင္းေဝကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္ေလးစားမႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ အနုပညာရွင္ ပရဟိတသမားတစ္ေယာက္ပဲျဖစ္ပါတယ္။ ခိုင္နွင္းေဝကေတာ့ ရင္ေသြးေလးမွားေဂဟာကိုဖြင့္လွစ္ထားျပီး ရင္ခြင့္မဲ့ကေလးငယ္ေတြရဲ႕ ခိုလံုရာတစ္ခုအျဖစ္ဖန္တီးထားခဲ့ပါတယ္။

ခိုင္နွင္းေဝကေတာ့ လူမမယ္ကေလးငယ္ေတြကို မိခင္အရင္းသဖြယ္ေစာင့္ေရွာက္ေနခဲ့ျပီး ကေလးေတြက အခုဆိုရင္ ေတာ္ေတာ္ေလးကို အရြယ္ေရာက္ေနၾကတဲ့ အထိျဖစ္ေနခဲ့ပါျပီ။ ကေလးေတြကလည္း လိမၼာေရးခ်ားရွိျပီး ေမေမခိုင္နွင္းေဝအေပၚမွာလည္း သိတတ္လိမၼာလြန္းၾကပါတယ္။ လက္ရွိမွာလည္း ကေလးေတြတစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ခ်စ္ခင္ခင္ရွိၾကျပီး

အၾကီးေလးေတြက အငယ္ေလးေတြကို ေဖးေဖးမမနဲ႕ ေမေမေတြ ဆရာမေလးေတြမအားတဲ့အခ်ိန္မွာ အငယ္ေလးေတြကို ကူထိန္းေပးေနခဲ့တာေၾကာင့္ ခိုင္နွင္းေဝက ၾကည့္ျပီး ပီတိျဖစ္ေနခဲ့ပါေသးတယ္။ CeleGabar ပရိသတ္ၾကီးေရ ခိုင္နွင္းေဝရဲ႕ ကေလးေတြကေတာ့ ေမေမခိုင္ စိတ္ခ်မ္းသာရေအာင္ တကယ္ကို လိမၼာၾကတာပဲေနာ္။

Source – Khine Hnin Wai
Chilli – CeleGabar