အိမ်မရှိတဲ့ မိသားစုတစ်စုအတွက် အိမ်ဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ ကောင်းထက်ဇော်

Posted on

ပရိသတ်ကြီးရေ ကောင်းထက်ဇော်ကတော့ အစီစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ မနေ့က ဇွန်လ (၁၆)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် ကောင်းထက်ဇော်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

မနေ့က မွေးနေ့ရက်မြတ်လေးမှာတော့ ကောင်းမှုတွေပြုလုပ်ပြီးဖြတ်သန်းခဲ့ပါတယ်။ မွေးနေ့အလှူလေးအဖြစ်လည်း မွန်မြတ်လွန်းလှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ နေအိမ်မရှိတဲ့ မိသားစုတစ်စုအတွက် ကောင်းထက်ဇော်က မွေးနေ့ကောင်းမှုအလှူလေးအဖြစ် နေအိမ်လေးဆောက်လုပ်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ နေအိမ်လေးကိုလည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ကြည့်ရှဲ့ခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပီတိဖြစ်စွာနဲ့ မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ကောင်းထက်ဇော်ရဲ့ ပီတိဖြစ်ဖွယ်ကောင်းလှတဲ့ မွေးနေ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Kaung Htet Zaw
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Kaung Htet Zaw
Chilli – CeleGabar