” ထူးခန့်ကျော်ရဲ့လူနာ အမေအိုကြီးတစ်ဦးအတွက် လိုအပ်နေတဲ့အရာလေးကို သူမကိုယ်တိုင်ဝယ်ကာသွားရောက်လှူဒါန်းကူညီခဲ့တဲ့ဝေလာရီ ”
Posted on
CeleGabar ပရိသတ်ကြီးရေဝေလာရီ​ေလးကတော့ မိမော်ဆိုပြီး နှင်းဆီဇာတ်လမ်းတွဲမှာပရိသတ်အားပေး​ခံခဲ့ရတဲ့ မင်းသမီးလေးပါ။ ပြည်သူချစ်အနုပညာရှင်အဆိုတော်တစ်ဦးဖြစ်တဲ့လိမ္မော်သီးရံ ညီမလေးလည်းဖြစ်ပါတယ်။
ဝေလာရီကတော့အနုပညာအလုပ်တွေအပြင်live saleလေးတွေလည်းပြုလုပ်လျက်ရှိတဲ့အပြင် သူမရဲ့ ဝင်ငွေနဲ့ အလှူလေးတွေလည်းရရင်ရသလို​လှူဒါန်းနေတဲ့ မင်းသမီးတစ်လက်ပါ။ လက်ရှိမှာလည်းထူးခန့်ကျော်ရဲ့လူနာတွေထဲက အမေအိုကြီးတစ်ဦးအတွက် လိုအပ်နေတဲ့ ဝှီးချဲလ်လေးကို သူမအနေနဲ့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။
” ဝှီးချဲလ် လှုချင်နေတဲ့ ဝေလာ့ဆန္ဒလေး ပြည့်သွားပါပြီ … ဝှီးချဲလ် လိုအပ်နေတဲ့ အမေကြီးဆီကို အိမ်အရောက် သွားရောက်လှုဒါန်းခဲ့ပါတယ် … 🙏🏻လှုဒါန်းခွင့်ရအောင် ကူညီပေးတဲ့ ဦးဦး ထူးခန့်ကျော်နဲ့ ကိုကြီး ဝေလုကိုလည်း ကျေးဇူးအထူးပါနော် … 🙏🏻ဝေလာ့ကို အလုပ်တွေပေးတဲ့ လုပ်ငန်းရှင်များနဲ့ တကွ ၇ ရက်သားသမီးများ ကုသိုလ် ထပ်တူ ရရှိကြပါစေ 🙏🏻”ဆိုတဲ့စာလေးနဲ့ လှူဒါန်းမှုပုံရိပ်လေးတွေကိုကြည်နူးဖွယ် တင်လာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း ဝေလာရီရဲ့မွန်မြတ်တဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။
Koe-CeleGabar
Soure – WaiLarRi
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Soure – WaiLarRi