နလန္ဒာဥယျာဉ်သီလရှင်စာသင်တိုက်မှာရှိတဲ့ ဆရာလေးတွေအတွက် လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ မင်းသားကြီးခန့်စည်သူကတော့ မနေ့က ဇန်လ (၁၈)ရက်နေ့မှာလည်း မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ဒဂုံမြို့သစ်တောင်ပိုင်း၊ရွာသာကြီး၊ နလန္ဒာဥယျာဉ် သီလရှင်စာသင်တိုက်ရှိ ကယန်းသီလရှင် ဆရာလေးများအတွက် လှူဖွယ်ပစ္စည်းတွေလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ခန့်စည်သူကတော့ ဆရာလေးတွေအတွက် နဝကမ္မ အလှူတော်ငွေနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး မြတ်စွာဘုရားဆင်းတုတော်(၃)ဆူ၊ ပရိတ်ကြီး(၁၁) သုတ်တရားစာအုပ်များ၊ဆွမ်းဆန်တော်(၂၄)ပြည်ဝင် -၁၀အိတ်၊ဆီ -၁၀ ပိဿာ၊ ကုလားပဲ -၁၀ ပိဿာ၊ ကြက်သွန်နီ -၁၀ ပိဿာ ၊ဆေး၊ဆား၊ငံပြာရည်၊ခေါက်ဆွဲခြောက်ထုပ်များ၊မွှေးဆပ်ပြာခဲများ၊ငါးပိကြော်များ၊ဟင်းခတ်မှု့န်များ၊ကော်ဖီမစ်ထုပ်များ၊ထမင်းသုတ်အနှစ်ထုပ်များ၊ Mask များ၊ဟင်းသီးဟင်းရွက်များနှင့် အမျိုးသမီး လစဉ်သုံးများကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် မိုးရာသီ အမှတ်တရ သီးပင်၊စားပင်များကိုလည်း လှူဒါန်း၍ ကိုယ်တိုင်လည်း စိုက်ပျိုးပေးခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ခန့်စည်သူတို့ရဲ့မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေလည်း ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Kyaw Soe Win
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Kyaw Soe Win
Chilli – CeleGabar