အဖေများနေ့မှာ အဖေတွေကို ဂုဏ်ပြုတဲ့ သီချင်းလေးတစ်ပုဒ်ကို ပရိသတ်ရှေ့ချပြခဲ့တဲ့ ဘီလီလမင်းအေး

Posted on

ပရိသတ်ကြီးရေ ဘီလီလမင်းအေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ဘီလီလမင်းအေးကတော့ ဒီနေ့မှာကျရောက်တဲ့ အဖေများနေ့အတွက် အဖေတွေကို ဂုဏ်ပြုတဲ့ သီချင်းလေးတစ်ပုဒ်ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

သီချင်းလေးနဲ့အတူလည်း “Happy Father’s Day…….ဖခင်မေတ္တာဆိုတာ တုနှိုင်းမဲ့မေတ္တာရှင်ဂန္တဝင်ဖေဖေပါ။ အဖေဆိုတာ ပါးစပ်က ခပ်ကြမ်းကြမ်း ပြောချင်ပြောလိမ့်မယ်ရင်ထဲမှာတော့ သားသမီးတွေအပေါ် ချစ်တဲ့စိတ် အပြည့်ရှိတယ်။ အဖေဆိုတာ ငွေကြေး အများကြီး ရှာနိုင်ချင်မှ ရှာနိုင်လိမ့်မယ်။ ဒါပေမယ့် သူရှာကျွေးတဲ့ ငွေကြေးနဲ့ မိသားစုကို ထမင်း နပ်မှန်အောင် ကျွေးမယ့်လူမျိုးပါ။ အဖေဆိုတာ ပညာတတ်ချင်မှ တတ်လိမ့်မယ်။ ဒါပေမယ့် မွေးလာတဲ့ သားသမီးတွေကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်တယ်။ အဖေဆိုတာ အသောက်အစား ရှိချင် ရှိလိမ့်မယ်။ ဒါပေမယ့် သားသမီးတွေကိုတော့ လိမ္မာစေချင်တယ်။အဖေတွေဟာ တစ်ခါတစ်ရံမှာ ရင်ထဲမှာ ရှိတာတွေကို ထုတ်ပြီး ဟန်လုပ်ကာ မပြောတတ်ဘူး။ နာကျင်စရာ ရှိရင်လည်း မျိုသိပ်ပြီးတော့ နာကျင်လိုက်တယ်၊ ပျော်စရာရှိရင် ရင်ထဲကပဲ ပျော်နေလိုက်တယ်။

သားသမီးတွေကို ဘယ်တော့မှ ဝမ်းမနည်းစေချင်ဘူး မပူဆွေးစေချင်ဘူး။အစစ အရာရာ အဖေတို့ အနစ်နာ ခံခဲ့ပါတယ်။ အားလုံးပဲ အဖေကို ချစ်ပြီး၊ အဖေ့ မေတ္တာတရားကို ပိုမိုခံစားမိစေရန် ဖူးကနေ ဒီသီချင်းလေးနဲ့အဖေများအားလုံးကိုဂုဏ်ပြုလိုက်ပါတယ်။” ဆိုပြီးတော့လည်း ဖခင်တွေရဲ့ ဂုဏ်ကျေးဇူးတွေကို ချီးမွမ်းဂုဏ်ပြုရေးသားထားခဲ့ပါသေးတယ် CeleGabar ပရိသတ်ကြီးရေ။

Source – Billy La Min Aye
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Billy La Min Aye
Chilli – CeleGabar