အဖေများနေ့မှာ ဖခင်ကြီးဆုံးမခဲ့တဲ့စကားအတိုင်း နေထိုင်နေကြောင်း ပြောပြလာခဲ့တဲ့ ထက်ထက်မိုးဦး

Posted on

ပရိသတ်ကြီးရေ ထက်ထက်မိုးဦးကတော့ အနုပညာလောကမှာ စံထားရလောက်အောင်ကို အောင်မြင်မှုတွေရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ထက်ထက်ကတော့ ဒီနေ့မှာကျရောက်တဲ့ အဖေများနေ့မှာ ဖခင်ကြီးကို သတိရလွမ်းဆွတ်နေကြောင်းနဲ့ ဖခင်ကြီးဆုံးမခဲ့တဲ့ တန်းဖိုးရှိလှတဲ့ စကားလေးတစ်ခွန်းကို မျှဝေလာခဲ့ပါတယ်။

“Happy Father’s Day တဲ့ “အပေါင်းအသင်းဆိုတာ ဆင်းရဲချမ်းသာ၊ပညာတတ်တာမတတ်တာနဲ့မဆိုင်ဘူး ကိုယ်ကျင့်တရားကောင်းရင်ပေါင်းရမယ်” ဆိုတဲ့ အဖေ့ဆုံးမစကားကို ခုချိန်ထိ မြေဝယ်မကျနားထောင်ရင်း ထက်အကောင်းဆုံး ကြိုးစားနေထိုင်နေပါတယ်။ ဟိုးအရင် မင်းသမီးလုပ်ခဲ့အကယ်ဒမီဆုတွေရခဲ့တုန်းကလည်း အဖေ့ကို စိတ်ချမ်းသာပျော်ရွှင်အောင် ထားနိုင်ခဲ့သလို ကုသိုလ်တွေရအောင်လည်း လုပ်ပေးနိုင်ခဲ့တယ်။ အဖေ နေမကောင်းဖြစ်တဲ့အချိန်မှာလည်း Live sale တွေစလုပ်ရင်း အဆင်ပြေလာခဲ့ရတယ်။

အခု အဖေမရှိတော့တဲ့ အချိန်တွေမှာလည်း Live sale တွေလုပ်ပြီး အလှူတွေလုပ်ရင်း အမြဲအမျှဝေ မေတ္တာပို့ ဆုတောင်းပေးနေပါတယ်။” ဆိုပြီး ဖခင်ကြီးဆုံးမစကားအတိုင်းနေထိုင်နေကြောင်းလည်း ရေးသားမျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ထက်ထက်ကတော့ နောင်ဘဝဆိုတာထပ် ဘဝဆက်တိုင်း အဖေ့သမီး ပဲဖြစ်ချင်ပါတယ်တဲ့။

Source – Htet Htet Moe Oo
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Htet Htet Moe Oo
Chilli – CeleGabar