မိုးထဲမှာ ဝမ်းရေးအတွက် အရုပ်လေးတွေရောင်းနေတဲ့ အဘကိုလှူတန်းကန်တော့ခဲ့တဲ့ ဝေလာရီ

Posted on

ပရိသတ်ကြီးရေ ဝေလာရီကတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေးတစလက်ပဲဖြစ်ပါတယ်။ ဝေလာရီကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒါ့အပြင် အလှူအတန်းရက်ရောပြီး ကူညီတတ်တဲ့ မွန်မြတ်လှတဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေက ပိုလို့တောင်အချစ်ပိုနေခဲ့ရတာပဲဖြစ်ပါတယ်။ ဝေလာရီကတော့ ဒီနေ့မှာလည်း အပြင်ထွက်ရင်း မိုးရွာထဲမှာတောင် ဝမ်းရေးအတွက် အရုပ်တွေကိုရောင်းနေရတဲ့ အဖိုးတစ်ယောက်ကို ကူညီထောက်ပံ့ခဲ့ပါတယ်။ အခုလို အဖိုးကို ကူညီဖြစ်ခဲ့ကြောင်းကိုလည်း “ဒီနေ့ အပြင်ထွက်မုန့်စားတာ … မိုးတွေကရွာလို့ … မိုးထဲမှာ အရုပ်လေးတွေ ရောင်းနေတဲ့ ဘဘကြီးကို တွေ့လို့ အရုပ်လေးတွေ အားပေးရင်း တတ်နိုင်သလောက် ကန်တော့ခဲ့ပါတယ် … ဘဘကြီးက အရမ်းဖော်ရွေပြီး သဘောကောင်းတယ် …

ဒီနေ့က Father’s Day ဆိုတော့ ကိုယ့်အဖေအရွယ် ဘဘကြီးကို လှုတန်းခွင့်ရခဲ့လို့ ကြည်နူးရပါတယ် … ” ဆိုပြီး ပီတိတွေဖြစ်စွာနဲ့ မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ဝေလာရီကတော့ အရုပ်လေးတွေ ကိုယ့်တွက်မလိုပေမယ့် ဘဘကြီးကိုတွေ့ရင် အားပေးကြပါဦးလို့လည်း တိုက်တွန်းထားခဲ့ပါတယ်။

Source – Wai Lar Ri – ဝေလာရီ
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-

မိုးထဲမွာ ဝမ္းေရးအတြက္ အ႐ုပ္ေလးေတြေရာင္းေနတဲ့ အဘကိုလႉတန္းကန္ေတာ့ခဲ့တဲ့ ေဝလာရီ

ပရိသတ္ႀကီးေရ ေဝလာရီကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ မင္းသမီးေခ်ာေလးတစလက္ပဲျဖစ္ပါတယ္။ ေဝလာရီကေတာ့ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည့္အဝရရွိထားခဲ့တဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။

ဒါ့အျပင္ အလႉအတန္းရက္ေရာၿပီး ကူညီတတ္တဲ့ မြန္ျမတ္လွတဲ့ စိတ္ထားေလးေၾကာင့္ ပရိသတ္ေတြက ပိုလို႔ေတာင္အခ်စ္ပိုေနခဲ့ရတာပဲျဖစ္ပါတယ္။ ေဝလာရီကေတာ့ ဒီေန႔မွာလည္း အျပင္ထြက္ရင္း မိုး႐ြာထဲမွာေတာင္ ဝမ္းေရးအတြက္ အ႐ုပ္ေတြကိုေရာင္းေနရတဲ့ အဖိုးတစ္ေယာက္ကို ကူညီေထာက္ပံ့ခဲ့ပါတယ္။ အခုလို အဖိုးကို ကူညီျဖစ္ခဲ့ေၾကာင္းကိုလည္း “ဒီေန႔ အျပင္ထြက္မုန႔္စားတာ … မိုးေတြက႐ြာလို႔ … မိုးထဲမွာ အ႐ုပ္ေလးေတြ ေရာင္းေနတဲ့ ဘဘႀကီးကို ေတြ႕လို႔ အ႐ုပ္ေလးေတြ အားေပးရင္း တတ္ႏိုင္သေလာက္ ကန္ေတာ့ခဲ့ပါတယ္ … ဘဘႀကီးက အရမ္းေဖာ္ေ႐ြၿပီး သေဘာေကာင္းတယ္ …

ဒီေန႔က Father’s Day ဆိုေတာ့ ကိုယ့္အေဖအ႐ြယ္ ဘဘႀကီးကို လႈတန္းခြင့္ရခဲ့လို႔ ၾကည္ႏူးရပါတယ္ … ” ဆိုၿပီး ပီတိေတြျဖစ္စြာနဲ႔ မွ်ေဝေဖာ္ျပထားခဲ့ပါတယ္။ CeleGabar ပရိသတ္ႀကီးေရ ေဝလာရီကေတာ့ အ႐ုပ္ေလးေတြ ကိုယ့္တြက္မလိုေပမယ့္ ဘဘႀကီးကိုေတြ႕ရင္ အားေပးၾကပါဦးလို႔လည္း တိုက္တြန္းထားခဲ့ပါတယ္။

Source – Wai Lar Ri – ေဝလာရီ
Chilli – CeleGabar