” မန္တလေးရောက်တုန်းမှာ ချစ်ရတဲ့Fanလေးတွေကမွေးနေ့ပွဲပြန်လည်ကျင်းပပေးခဲ့ကာ သူမရဲ့ဇာတ်လမ်းတွဲသစ်လေးကိုလည်းကြိုဆိုခဲ့ကြတဲ့ ​မြတ်သူသူရဲ့ဗီဒီယိုဖိုင်”

Posted on

CeleGabar ပရိသတ်ကြီးရေ မင်းသမီးလေး မြတ်သူသူ လို့ဆိုလိုက်တာနဲ့ သူမရဲ့ဇာတ်ကောင်မြညိုကို တွဲမြင်ကြမယ်ထင်ပါတယ်နော်။ သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ်ကောင်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဇာတ်လမ်းတွဲမင်းသမီးတွေထဲကတစ်ယောက်လို့ ဆိုရမှာပါ။

သူမအနေနဲ့လတ်တလောမှာ မန္တလေး​ကိုရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ချစ်Fanတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။”ခုချိန်ထိ ချစ်နေပေးတဲ့ Morry Family လေး 😍မွေးနေ့ကပြီးသွားပေမယ့်လည်း မန္တလေးရောက်တုန်း မွေးနေ့ပွဲပြန်လုပ်ပြီး ဒီညလာမယ့် ဒေါ်မာလာသိန်းကို ကြိုဆိုကြတာပေါ့ 😍မေတ္တာလက်ဆောင်လေးတွေကိုလည်း တန်ဖိုးထားမြတ်နိုးရပါတယ် 😍ရောက်လာပေးကြသူများနှင့်အတူ အဝေးကချစ်နေပေးကြသူအားလုံးကို အများကြီးကျေးဇူးတင်ပါတယ်ရှင့် ချစ်တယ် ဒုတိယမိသားစုလေး 😍”ဆိုတဲ့စာလေးနဲ့အတူ ချစ်စရာfan meetingပုံလေးတွေကိုတင်လါခဲ့တာပါ။

ဒီနေ့ည MRTV4မှာပြသတော့မယ့် အေးရိပ်ငြိမ်ဇာတ်လမ်းတွဲမှာ ဒေါ်မာလာသိန်းအဖြစ်ပါဝင်မယ့် မြတ်သူကိုအားပေးကြည့်ရှူဖို့အသင့်ပဲလားCeleGabarပရိသတ်ကြီးရေ။

Koe- CeleGabar
Source- MyatThu thu
ZawgyiFontဖြင့်ဖတ်ရန်





Koe- CeleGabar
Source- MyatThu thu