ပရိသတ်ကြီးရေ အာကြီကတော့ ပရိသတ်တွေကို မိတ်ဆက်ပေးစရာမလိုလောက်အောင်ကို ပရိသတ်တွေ ရင်နှီးချစ်ခင်ပြီးသားဖြစ်မှာပါနော်။ ခိုင်နှင်းဝေရဲ့ ဂေဟာက ကလေးတွေထဲကမှ ပရိသတ်တွေသနားချစ်နဲ့ အချစ်ပိုရတဲ့အပြင် ချစ်အောင်နေတတ်တာကြောင့် ပရိသတ်အချစ်တော်ကလေးတစ်ယောက်လည်းဖြစ်ပါတယ်။
အာကြီးကတော့ တဖြေးဖြေးအရွယ်ရောက်လာတာနဲ့အမျှ အသ်ဉာဏ်လည်းဖွံ့ဖြိုးလာပြီး လည်လွန်းတတ်လွန်းတဲ့ အပြင် သိတတ်လိမ္မာလွန်းလှပါတယ်။ လတ်တလောမှာလည်း ဂေဟာက ညီလေး လပြည့်တစ်ယောက် စိတ်ကောက်ပြီးငိုနေတာကို အကိုပီသစွာနဲ့ နို့ဘူးအတင်းတိုက်ကာ သူတတ်သလောက်ချော့နေခဲ့ပါသေးတယ်။
ခိုင်နှင်းဝေကတော့ သားအာကြီးရဲ့ လုပ်ရက်လေးကိုကြည့်ပြီး သဘောတွေကျကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ အာကြီးရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေလည်း ကြည့်ရှု့လို့ရအောင် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Khine Hnin Wai
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
ငိုနေတဲ့ ညီလေးကို နို့ဘူးအတင်းတိုက်ပြီးချော့နေတဲ့ အာကြီးရဲ့ ဗီဒီယိုလေးကို မျှဝေလာခဲ့တဲ့ ခိုင်နှင်းဝေ
Source – Khine Hnin Wai
Chilli – CeleGabar