ရွှေပြည်သာရတနာပန်းကုံးကျောင်းတိုက်မှာ ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ ပိုပို

Posted on

ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ အဆိုတော်ပိုပိုကတော့ သွက်လက်ပြီး ချစ်စရာကောင်းတဲ့အဆိုတော်မလေးဖြစ်သလို စိတ်ထားလှသူလေးလို့လည်း ဆိုရမှာပါ။ ဘာသာရေးကိုကိုင်းရှိုင်းတဲ့ပိုပိုကတော့ မကြာခဏဆိုသလို သံဃာတော်တွေကို ဆွမ်းလောင်းလေ့ရှိတာပါ။ သူ့ရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေကို ဖေ့ဘွတ်ခ်ကနေပြီး ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။

ပိုပိုကတော့ မကြာသေးခင်ရက်ပိုင်းက ကလောမြို့ကို အလည်အပတ်ရောက်နေခဲ့ပြီး ပြန်လည်ရောက်ရှိလာတဲ့အချိန်မှာပဲ အလှူတွေပြုလုပ်နေခဲ့ပြန်တာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ရွှေပြည်သာရတနာပန်းကုံး ကျောင်းတိုက်မှာဝါဆို သင်္ကန်း ၃ စုံ ကို အဘွားဒေါ်အုန်းကြည်ကို ရည်းစူးပြီး လှူခဲ့ပါတယ် အဘွားဒေါ်အုန်းကြည် သမီး ပြုလုပ်တဲ့ ကုသိုလ် အစုစုတွေကို ရပါစေ လို့အမျှဝေရင်းပရိတ်သတ်တွေလဲ သာဓု ခေါ်ပါနော် “ ဆိုပြီးတော့ ရေးသားထားတာပါ။


ပိုပိုကတော့ မကြာခင်မှာလည်း “ဘုရားရှီခိုးပါ” ဆိုတဲ့ Music Video လေးထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ အလုပ်တွေလည်းကြိုးစားနေသလို ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့ပိုပိုကတော့ တကယ့်ကိုလေးစားစရာပါပဲနော်…
Source : ပိုပို