” ရင်သားကင်ဆာခံစားနေရပေမယ့်စက်ဘီးတစ်စီးနဲ့ မြန်မာအကကကာဝမ်းရေးဖြေရှင်းနေတဲ့ သဘင်သည်မနှင်းဆီကို လှူဒါန်းကူညီခဲ့တဲ့မိုးစက်ရဲ့ဗီဒီယိုဖိုင်”
Posted on
CeleGabarပရိသတ်ကြီး​ေရမိုးစက်ကတော့ တက်သစ်စလူရွှင်တော်လေးဖြစ်ပေမယ့် ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ကာ သက်ကြီးရွယ်အိုတွေကို ကူညီထောက်ပံ့ပေးလျက်ရှိတာပါ။ သူ့ရဲ့ကူညီထောက်ပံ့မှုတွေကို ပရိသတ်တွေကလည်း ချီးကျူးကာမုဒိတာကာပွားလျက်ရှိတာပါ။
လတ်တလောမှာလည်း သူတို့ရဲ့သဘင်လောကသားတစ်ဦးဖြစ်တဲ့ မနှင်းဆီကို”“သဘင်သည်မလေး မနှင်းဆီ…”🌹ရင်သားကင်ဆာကြောင့် ရင်သားဖြတ်ထားရပေမယ့်စက်ဘီးတစ်စီးနဲ့ ရပ်ကွက်တကာမှာ လှည့်လည်ပြီးမြန်မာအက နဲ့ဝမ်းရေးဖြေရှင်းနေတဲ့ မနှင်းဆီ အိမ်သို့….။ဒီလို စက်ဘီးနဲ့ သီချင်းဖွင့်ပြီးကတာ ဘယ်လောက်ကြာပြီလဲ အန်တီ…”တော်တော်ကြာပါပြီ…သားလေး…”“အခုဆို သမီးလေးရော ကနေတာပေါ့ …”ဟုတ်ပါတယ် သားလေး….”
“အဲ့ဒါရင်သားကင်ဆာဖြစ်လို့ ဖြတ်ထားရတယ်ဆို..”
ဟုတ်ပါတယ် ဒီမှာကြည့်ကြည့်ပါ ဖြတ်ပြီးမှ အကြိတ်က ပေါက်နေသေးတယ်…”“ကဲ မိုးတွင်းကာလ လဲ ရောက်ပြီဆိုတော့အရမ်းကြီးတော့ ကဖို့ မလွယ်တော့ဘူးပေါ့အဲ့ဒီတော့ အန်တီတို့ သားအမိ အတွက်သားတို့ လှူပေးခဲ့မယ်နော်…”“ဟုတ် ကျေးဇူးတင်ပါတယ် သား…လှူပေးမှာက ၅သိန်းကျပ်ပါ ။USA နိုင်ငံ နေထိုင်သူ မချိုမီး ကနှစ်သိန်းကျပ် ။မဝေဝေနွယ် က နှစ်သိန်း ကျပ် ။သားက တစ်သိန်း ကျပ် လှူဒါန်းပေးတာပါ..အခုလို လှူဒါန်းပေးတာကလဲအန်တီ့ရဲ့ ရင်သားကင်ဆာ ဆက်လက်ကုသဖို့နဲ့အန်တီရဲ့ မိသားစုအပေါ်ထားတဲ့စိတ် ၊အနုပညာကို ချစ်တဲ့ စိတ်တို့ကိုလေးစားလွန်းလို့ လာဂုဏ်ပြုတာပါ…”ဟုတ်ကဲ့ပါ…”“ကဲ လှူပေးတာက ၅သိန်းဆိုပေမယ့်…အခုတလော လုယက်တာတွေများနေတော့အန်တီ့ တို့ လက်ထဲကို အခု နှစ်သိန်းပေးခဲ့မယ်…နောက်ထပ်ကျန်တဲ့ ငွေကိုတော့ အိမ်လစာအတွက်
ချန်ထားပေးမယ်နော် ..အိမ်လစာချုပ်တော့မယ်ဆိုတာနဲ့ ၆လ စာ လာချုပ်ပေးမယ်နော်..”ဟုတ်ရပါတယ် အခုက တစ်လကို ၅သောင်းနဲ့ငှါးနေတာပါ …(၆)လစာတောင်ဆိုတော့မပူပင်ရတော့ဘူးပေါ့…”သားတို့ကိုပြန်ခွင့်ပြုပါဦးနော်…”ကျွန်တော်လဲ သဘင်သည်တစ်ဦးပေမို့ဇာတ်သဘင်လောက သားတွေအခက်အခဲ အကျပ်အတည်းတွေ ကြုံတွေ့တာတွေမြင်ရင် ဘယ်လိုမခံစားနိုင်ပါဘူး ။ဪ …ဘယ်လိုဘဲ ဖြစ်ဖြစ် သဘင်သည်မလေး မနှင်းဆီ ဟာသူ့မိသားစုအတွက် ၊ သူ့သမီးလေးအတွက်တော့ရဲရဲတောက်အောင် လှပတဲ့ နှင်းဆီပန်းလေး တစ်ပွင့်ပါဘဲ ။🌹”ဆိုတဲ့စာလေးနဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။ ဒါ့အပြင်သွားရောက်လှူဒါန်းခဲ့တဲ့ ဗီဒီယိုလေးကိုလည်း တင်ထားခဲ့တာပါ။CeleGabarပရိသတ်တွေလည်း မိုးစက်ရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။
Koe- CeleGabar
Source- MoeSat
ZawgyiFontဖြင့်ဖတ်ရန်
Koe- CeleGabar
Source- MoeSat