ကင်ဆာဝေဒနာသည် သဘင်သည်မလေးမနှင်းဆီကို သွားရောက်ကူညီထောက်ပံ့ခဲ့တဲ့ ဝေဠုကျော်ရဲ့ ဇနီးချောလေး ရေကြည်ချမ်းမြ
Posted on
ပရိသတ်ကြီးရေ ရေကြည်ချမ်းမြကတော့ ပရိသတ်တွေရဲ့ အချစ်တော် ပရဟိတမင်းသားကြီးဖြစ်တဲ့ ဝေဠုကျော်ရဲ့ ဇနီးချောလေးပဲဖြစ်ပါတယ်။ မနေ့က ဇွန်လ (၂၀)ရက်နေ့ကတော့ ဝေဠုကျော်ရဲ့ ဇနီးချောလေးဖြစ်တဲ့ ရေကြည်ချမ်းမြကတော့ ကင်ဆာရောဂါသည်ဖြစ်တဲ့ သဘင်သည် မနှင်းဆီထံသွားရောက်ခဲ့ပါတယ်။
မနှင်းဆီကတော့ ကင်ဆာရောဂါကြောင့် ရင်သားတစ်ဖက်ဖြတ်ထားရပြီး ဝမ်းရေးအတွက် မြန်မာသံစဉ်သီချင်းနဲ့ ကပြဖျော်ဖြေကာ ဝမ်းရေးကိုဖြေရှင်းနေခဲ့တာပဲဖြစ်ပါတယ်။ ရေကြည်ချမ်းမြကတော့ သူကိုယ်တိုင်လည်း အငြိမ့်သမ သဘင်သည်ဖြစ်တာကြောင့် မနှင်းဆီထံကို ခင်ပွန်းဖြစ်သူ ဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းအဖွဲ့နဲ့အတူ သူကိုယ်ကိုယ်ကျ လိုက်သွားပြီး ကူညီထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်။
ရေကြည်ချမ်းမကတော့ မနှင်းဆီထံကို သွားရောက်ကူညီထောက်ပံ့လှူဒါန်းဖြစ်ခဲ့တာလေးကို ဗီဒီယိုလေးရိုက်ကူးကာမှတ်တမ်းတင်ထားခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မနှင်းဆီနဲ့ ရေကြည်ချမ်းမြတို့ တွေ့ဆုံခဲ့တဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်။
Source – Yay Kyi Chan Mya
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
Source – Yay Kyi Chan Mya
Chilli – CeleGabar