တစ်လအတွင်း (၁၅)ပေါင်ကျပြီး ပြောင်းလဲသွားတဲ့ သူမရဲ့ လက်ရှိပုံစံကို ချပြလာခဲ့တဲ့ မြတ်သူသူ

Posted on

ပရိသတ်ကြီးရေ မြတ်သူသူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ မြတ်သူသူကတော့ လတ်တလောမှာ သူမရဲ့ ဝိတ်နဲ့ပတ်သက်လို့ ဝေဖန်နေကြတာတွေရှိတဲ့အတွက် ဝိတ်ချနေခဲ့တာကို ပရိသတ်တွေလည်းသိရှိပြီးသားဖြစ်မှာပါနော်။

မြတ်သူသူကတော့ မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တစ်လအတွင်း ဝိတ်(၁၅)ပေါင်ချနိုင်ခဲ့ပြီဖြစ်ကြောင်း “တလအတွင်း ပေါင်ချိန် 150 ကနေ 135 စုစုပေါင်း(15)ပေါင်ကျအမှတ်တရ။ ပုံလေးတွေကို edit လုံးဝမလုပ်ထားပါဘူးနော်။ မြတ်သူအတွက် ပေါင်ချိန် 150 ဖြစ်ခဲ့တဲ့ကာလတွေက အလှအပတခုတင်မဟုတ်ပဲ ယုံကြည်မှုပါ ပျောက်ဆုံးခဲ့ရတဲ့ကာလတွေပါပဲ။ မိန်းကလေးသဘာဝကျန်းမာရေးကိစ္စကြောင့် ဆေးရုံတက်ခွဲစိတ်ရပြီးဝိတ်တက်သွားတာ ပေါင်ချိန် 150 လူတွေ့ရင် ဝလာတယ်နော် ပုံပျက်သွားလိုက်တာ ဒီအတိုင်းပဲနေတော့မှာလားဆိုတဲ့ စကားတွေကို အပေါ်ယံမျက်နာကပဲ ပြုံးပြနိုင်ခဲ့ပေမယ့် ရင်ထဲမှာ ယုံကြည်ချက်တွေပျောက်ခဲ့ရတာ ခံစားဖူးကြတဲ့သူချင်းဆို ပိုနားလည်မှာပါ။

ဒါကြောင့် မြတ်သူ တလအတွင်းစနစ်တကျနဲ့ဝိတ်ချခဲ့တဲ့အကြောင်းလေးကို အားလုံးကိုပြောပြချင်ပါတယ်။အခုဆို အလုပ်ပြန်လုပ်ဖို့လည်း ယုံကြည်မှုရှိလာပါပြီ။ ထပ်ပြီးတော့လည်း ဝိတ်ဆက်ချပါဦးမယ် ” ဆိုပြီးပြောင်းလဲသွားပြီဖြစ်တဲ့ သူမရဲ့ လက်ရှိပုံလေးတွေကိုပါ မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မြတ်သူသူကတော့ သူဝိတ်ချခဲ့ပုံကို သေချာလေး Live လွှင့်ပြီးတော့ပြောပြပါဦးမယ်တဲ့။

Source – Myat Thu Thu
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Myat Thu Thu
Chilli – CeleGabar