သာယာဝတီ အကျဉ်းထောင်မှာ လှူဒါန်းမယ့်အလှူအတွက် ကိုယ်တိုင် ကိုယ်ကျ ပြင်ဆင်နေတဲ့ ဘုန်းလျှံ

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ ပရိသတ်တွေရဲ့အချစ်တော် ဘုန်းလျှံကတော့ လတ်တလောမှာအလှူလေးပြုလုပ်ဖို့ကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်နေခဲ့ပါတယ်။ ဘုန်းလျှံကတော့ လာမယ့် ဇူလိုင်လ (၁၇)ရက်နေ့ သောကြာနေ့ သာယာဝတီ အကျဉ်းထောင်မှာ လိုအပ်တဲ့ဆေးဝါးနဲ့ အစားအသောက်တွေ သွားရောက်လှူဒါန်း ပေးသွားမှာပဲဖြစ်ပါတယ်။

အလှူလေးအတွက် လိုအပ်တာတွေ ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်နေခဲ့ပြီး အခုလှူဒါန်းမှုလေးမှာ ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကို ကျေးဇူးတင်ရှိကြောင်း “မနက်ဖြန်အလှုအတွက်ကိုယ်တိုင်လုပ်အားပေးရတာပေါ့ဗျာ ပါဝင်ကူညီလှုဒါန်းပေးကြတဲ့သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများကိုလည်းအထူးကျေးဇူးတင်ပါတယ်ဗျ ” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားခဲ့ပါတယ်။

ဘုန်းလျှံကတော့ လက်ရှိမှာအနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ပြန်လည်လုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့အတူ တက်နိုင်သလောက် လူမှုကူညီရေး ပရဟိတအလုပ်တေါကိုလည်း တွဲဖက်လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေချီကျူးနေရတဲ့ အနုပညာရှင်တစ်ယောက်အဖြစ်အနုပညာလောကမှာပြန်လည်ရပ်တည်နေပါပြီနော်။

Chilli – CeleGabar
Source – Bhone Hlan