” သူမရဲ့ ​အားနည်းချက်တစ်ခုကို ထိုးနှက်ကာ body shaming ပြုလုပ်ခဲ့တဲ့သူတွေကို သတိပေးစကားပြောကြားလာခဲ့တဲ့ ခင်ရူပ”

Posted on

CeleGabar ပရိသတ်ကြီးရေ ခင်ရူပကတော့အလှမယ်အဖြစ်ပရိသတ်တွေစတင်သိရှိခဲ့ပြီး အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေကြဲသွားပေမယ့်လည်း သူမအနေနဲ့ Live လွှင့်ကာ ဈေးရောင်းနေတဲ့ အနုပညာရှင်တစ်လက်လည်းဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအခုချိန်မှာရပ်နားထားတဲ့ ခင်ရူပကတော့ အိမ်ထောင်သည်ဘဝနဲ့အေးချမ်းစွာနေထိုင်နေသူပါ။

လက်ရှိမှာလည်း ” နောက်က အီမိုဂျီ ကြောင့်လည်း ကိုယ့်ကိုချစ်တယ်လို့ကိုမမြင်မိတာပါ..လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို shaming လုပ်တယ်လို့ဘဲ မြင်မိပါတယ်..လူ့ကျင့်ဝတ်နားမလည်ဘူးလို့ဘဲမြင်မိတယ်။ဒါမျိုးတွေ အကုန်နီးပါး ဘန်းပါတယ်ရှင်ဘယ်သူမှ မပြည့်စုံတဲ့ဘဝမှာ ကိုယ့်ဘဝမပြည့်စုံမှုထက် ပြောရရင် ကိုယ့်အိုးထပ်သူများအိုးစိတ်ဝင်စားနေလို့လည်း ဘဝကြီးက မတိုးတက်လာနိုင်ပါဘူးနော်။အားနေဒါဘဲ ပြောစရာရှိနေကြတာလားဟင်?မလိုက်ပေမယ့်လည်း ဘာတတ်နိုင်မှာလည်း?လှနေတယ်လည်း မပြောပါနဲ့ရပါတယ်..လူတိုင်းမပြည့်စုံပါဘူး .. ဒါကျမအားနည်းချက်ပါဒါဘဲလာလာထောက်ပြနေစရာမလိုပါဘူး..

တသက်လုံးပြင်မှာမဟုတ်တဲ့ မေးစေ့ပါရှင်သက်ဆုံးတိုင်ထိ ဒီမေးစေ့နဲ့ ရှင်သန်မှာပါရှင်မိဘပေးတဲ့ မေးစေ့ပါ ကိုယ့်မျက်နှာ ကိုယ့်ဘဝကိုယ်သာ စိတ်ဝင်စားကြပါလူအချင်းချင်း ပိန်ပိန်ဝဝ လှလှမလှလှ shaming လုပ်ခွင့်မရှိပါ .. သင်တို့ တင်ကျွေးထားရတာမဟုတ်ပါ”ဆိုတဲ့စာလေးနဲ့သူမအား body shamingပြုလုပ်ခဲ့တဲ့သူတွေကို သတိပေးစကားပြောကြားခဲ့တာပါ။CeleGabarပရိသတ်တွေလည်း ခင်ရူပရဲ့ခံယူချက်နဲ့ သူမရဲ့ခံယူချက်လေးကိုသဘောကျရင် တခုခု​​မှတ်ချက်ပေးခဲ့ကြပါဦးနော်။


Koe-CeleGabar
Soure : Khin YuPa
ZawgyiFontဖြင့်ဖတ်ရန်






Koe-CeleGabar
Soure : Khin YuPa