” စက်ဘီးနဲ့လှည့်လည်ကာ အကကပြီး စားဝတ်နေရေးကိုဖြေရှင်းနေရတဲ့သဘင်သည်မနှင်းဆီတို့သားအမိကို သွားရောက်လှူဒါန်းခဲ့တဲ့ လင်းလင်းရဲ့ဗီဒီယိုဖိုင်”

Posted on

CeleGabar ပရိသတ်ကြီးရေ မိတ်ကပ်လင်းလင်းကတော့ အနုပညာလောကမှာသာမက ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ နားမည်ကြီးတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ဦးပဲ ဖြစ်ပါတယ်။အမြဲ အနေအထိုင်သိမ်မွေ့လှတဲ့ လင်းလင်းကတော့ အမြဲ ပျော်ပျော်နေတတ်ကာ ပွင့်လင်းတဲ့ အပြောလေးတွေနဲ့ ပရိသတ်အချစ်ကို သိမ်းပိုက်ထားသူလေးလို့ဆိုရမှာပါ။

လင်းလင်းကတော့လက်ရှိမှာရင်သားကင်ဆာကြောင့် ရင်သားကိုဖြတ်ထားပေမယ့် အကြိတ်ပြန်လည်ဖြစ်နေခဲ့ပေမယ့်လည်း စားဝတ်နေရေးအတွက် စက်ဘီးဖြင့်လှည့်လည်ကာ အကကပြီး ရှာဖွေစားသောက်နေရတဲ့သဘင်သည်မနှင်းဆီကိုသွားရောက်ကာ လှူဒါန်းမှုတစ်ချို့ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

“မနှင်းဆီတို့သားမိနှစ်ယောက်ကို သွားရောက်လှူဖြစ်တာလေးပါ အားလုံးထပ်တူရကြပါစေရှင့်”ဆိုတဲ့စာလေးနဲ့အတူ ဗီဒီယိုဖိုင်လေးကို တင်လာခဲ့တာပဲ ဖြစ်ပါတယ် ။CeleGabarပရိသတ်တွေလည်း လင်းလင်းရဲ့ အလှူဗီဒီယိုဖိုင်လေးကိုကြည့်ပြီးကြည်နူးပီတိဖြစ်ကြလိမ့်မယ်လို့ထင်ပါတယ်နော်။

Koe-CeleGabar
Soure : LinLinn
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar
Soure : LinLinn