” မွေးနေ့အထိမ်းအမှတ်အဖြစ် သူမအတွက်ထူးခြားခက်ခဲလှတဲ့အရာတစ်ခုကို challengeလုပ်ကာ ပရိသတ်တွေကိုချပြလာတဲ့ နန်းစန္ဒာလှထွန်း”
Posted on
CeleGabar ပရိသတ်ကြီး​ရေနန်းစန္ဒာလှထွန်းကတော့ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းမှာလည်း အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ဇာတ်လမ်းတွဲမင်းသမီးစစ်စစ်တစ်လက်ဖြစ်တာကြောင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝါရင့်အနုပညာရှင်တွေကတောင်ချီးကျုးရတဲ့အထိပါပဲနော်။” ပဥ္စလက်ရွာ”” အရိပ်”စတဲ့ဇာတ်လမ်းတွဲတွေမှာလည်း အမျိုးသားပရိသတ်တွေ သာမက အမျိုးသမီးပရိသတ်တွေပါပိုင်ဆိုင်ခဲ့တဲ့သူပါ။
လက်ရှိမှာလည်းသူမပါဝင်ထားတဲ့”ဒေါင်းယာဥ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်”ဇာတ်လမ်းတွဲကလည့း ပြသလျက်ရှိနေတာပါ။ချစ်တဲ့သူမရဲ့ပရိသတ်တွေက ချစ်စနိုးနဲ့နန်းနန်းလို့လည်းခေါ်ကြတာဖြစ်ပြီးဒီနေ့ကျရောက်တဲ့ ဂျွန်လ၂၂ရက်နေ့ကတော့ ပရိသတ်အသည်းကျော်နန်းနန်းရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။
သူမအနေနဲ့ မွေးနေ့အထိမ်းအမှတ်အ​ဖြစ်ချစ်ရတဲ့ပရိသတ်တွေကိုထူးခြားတဲ့လက်ဆောင်လေး​အနေနဲ့” Happy Birthday to all the June born ပါ။နန်းနန်းကိုအမြဲတန်း ရိုးရိုးရှင်းရှင်းstyle လေးနဲ့ပဲတွေ့မြင်ဖြစ်တာများတယ်။၂၀ ကျော်အသက်ရဲ့အမျိုးသမီးလေးမှာ နန်းနန်းကကိုယ့်ကိုယ်ကို self challenge လေးတစ်ခုလုပ်လိုက်တာပါ … နန်းနန်း မလုပ်ရဲတဲ့ မဝတ်ရဲတဲ့ style တွေ စိတ်ကူးယဉ်ပြီး ချစ်ရတဲ့ Shooting Team နဲ့တိုင်ပင်ပြီး ရိုက်ထားတာလေးကို ချပြလိုက်တာပါရှင့် .. ပြောရမယ်ဆိုရင်တော့ ဒါဟာ နန်းနန်းရဲ့ self improvement လေးတစ်ခုလို့ပြောလို့ရပါတယ်။နောင်နှစ်တိုင်းမှာလည်း self improvement လုပ်ဖို့ကြိုးစားပါမယ် … ဒီပုံတွေကိုကြည့်တဲ့ ပရိတ်သတ်တွေလည်း နန်းနန်းရဲ့ တိုးတက်မူ ထူးခြားမူကို ထပ်တူခံစားနိုင်ဖို့လည်း မျှော်လင့်ပါတယ် 🥰🙏”ဆိုကာ ထိမိလှပကာ ဆွဲဆောင်မှုအပြည့်ရှိတဲ့အလှပုံရိပ်တွေကိုတင်လာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်းချစ်ရတဲ့နန်းနန်းအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။
Koe-CeleGabar
Soure -NanSandarHlaHtun
PhotoCredit -Aung Kyaw Tun
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar