အမှတ်တံဆိပ်အသစ်လေးအတွက် ကြိုးစားနေတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Posted on

ဒီဇိုင်နာမျိုးမင်းစိုးကတော့မြန်မာနိုင်ငံကနာမည်ကြီး ဒီဇိုင်နာတွေထဲကတစ်ယောက်ပါ။ မျိုးမင်းစိုးကတော့ ရွှေသား ဝတ်စုံတွေ ရတနာဝတ်စုံတွေကို ပြောင်မြောက်တဲ့လက်ရာတွေနဲ့ ဖန်တီးချုပ်လုပ်တာကြောင့်လည်း ထင်ရှားတဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။ အခုလည်း ချည်ထည်လေးတွေကို ခေတ်မှီပြီးစတိုင်ကျတဲ့ပုံစံအမျိုးမျိုးဖန်တီးနေတာကြောင့်လည်း လူကြိုက်များနေတာပါ။

မျိုးမင်းစိုးကတော့သူ့ရဲ့ဖန်တီးမှုလက်ရာတွေကို အမှတ်တံဆိပ်အသစ်ထုတ်ကာ ဖြန့်ချီဦးမှာပဲ ဖြစ်ပါတယ်။ သူ့ရဲကဖေ့ဘွတ်ခ်မှာတော့ “ဒီနေ့ကျန်တော်ရဲ့Brand အသစ်လေးဖြစ်တဲ့ “ရွှေမျိုး Designer made Collection အတွက် ခိုင်မာမှု့ကိုမေတ္တာရှေ့ထားပြီးအသေးစိတ်က အစအစအဆုံးလိုက်လံဆောက်ရွက်ပြီးချစ်ခင်မှူအပြည့်နဲ့ပြီးစီးတဲ့အထိမှတ်ပုံတင်ပေးတဲ့ တရားလွှတ်ရှေ့နေဒေါ်ခင်သီဂီၤဦးနှင့်အဖွဲ့ကိုကျေးဇူးအထူးတင်ပါတယ်။ရွှေမျိုးတွေအတွက်….ရွှေမျိုးမှနောက်ထွက်မဲ့ထုတ်လုပ်တဲ့ပစ္စည်းလေးတွေလည်းဝယ်ယူအားပေးတော်မှုကြပါကုန်….”ဆိုပြီးတော့ ရေးသားထားတာပါ။


မျိုးမင်းစိုးကတော့ သူ့ရဲ့ဖန်တီးမှုတွေနဲ့အတူ ဈေးကွက်မှာ တံဆိပ်အသစ်နဲ့ရောက်ရှိလာဦးမှာပါ။ ဘယ်လိုလက်ရာတွေဖြစ်မလဲဆိုတာကိုတော့ စိတ်ဝင်စားကြမယ်ထင်ပါရဲ့နော်…
Source : MyoMinSoe