သူငယ်ချင်းဖြစ်သူ နန်းစန္ဒာလှထွန်းရဲ့ မွေးနေ့အတွက် သတိတရနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခြူးလေး

Posted on

ပရိသတ်ကြီးရေ ခြူးလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ခြူးလေးကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူငယ်ချင်းဖြစ်သူ နန်းစန္ဒာလှထွန်းရဲ့ မွေးနေ့လေဒအတွက်မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

နန်းစန္ဒာလှထွန်းနဲ့ ခြူးလေးတို့ကတော့ ဇာတ်လမ်းတွဲတွေထဲမှာ တူတူပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သူတွေလည်းဖြစ်သလို ညီအစ်မအရင်းသဖွယ်ချစ်ခင်ကြပါသေးတယ်။ ခြူးလေးကတော့ ဒီနေ့မှာကျရောက်တဲ့ သူငယ်ချင်းရဲ့ မွေးနေ့အတွက် “Happy Birthday ချစ်သူငယ်ချင်းလေးရေ” ဆိုပြီး နှစ်ယောက်အတူတူ ရိုက်ကူးထားတဲ့ပုံလေးနဲ့ မွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းကတော့ ဒီနေ့မွေးနေ့ရက်မြတ်လေးမှာ အသက် (၂၉)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။ CeleGabar ပရိသတ်ကြီးတွေလည်း ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ နန်းနန်းရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦနော်။

Source – Chue Lay
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Chue Lay
Chilli – CeleGabar