(၃၁)ပတ်ကိုယ်ဝန်နဲ့ သူမရဲ့ လက်ရှိပုံလေးတွေကို မျှဝေလာခဲ့တဲ့ အိမ့်ချစ်

Posted on

ပရိသတ်ကြီးရေ အိမ့်ချစ်ကတော့ အဆိုတော်ကြီးဖြစ်တဲ့ ဦးချစ်ကောင်းရဲ့ သမီးဖြစ်ပြီး သူကိုယ်တိုင်လည်း အနုပညာလောကမှာ အဆိုတော်တစ်ယောက်အနေနဲ့ပရိသတ်အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ့်ချစ်က ပထမဆုံးရင်းသွေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီပဲဖြစ်ပါတယ်။

အိမ့်ချစ်ကတော့ ကိုယ်ဝန်က (၃၁)ပတ်ရှိနေခဲ့ပြီဖြစ်ပြီး ဒီနေ့မှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Pregnancy 31 weeks ခုဆိုဗိုက်ထဲမှာ Amara လေးတိုးလွန်းလို့အိပ်ရေးတွေစပျက်နေပါပြီ။ ညညတွေဆိုလဲ ဗိုက်ဆာတာမှတအား။ ခြေဆစ်လက်ဆစ်လေးတွေလဲကိုက်လာတယ်။ ကံကောင်းတာတစ်ခုကတော့ ကိုယ်ဝန်စရှိကတည်းက အရမ်းဝပြီးဖောသွပ်မလာတာပဲ။ ကိုယ်အလေးချိန်ကတော့တက်ပါတယ်။

ကိုယ့်မှာမဝလို့ကလေးထွားရဲ့လားဆိုက်ကိုဖြစ်နေပေမယ့် Amara လေးကကိုယ်ဝန် ၃၁ပတ်မှာ ၃ပေါင် ၁၀အောင်စ ဖြစ်နေပြီဒါပုံမှန်ပဲလို့ OG ကပြောမှပဲ စိတ်ချမ်းသာရ။” ဆိုပြီး ကိုယ်ဝန်(၃၁)ပတ်အမှတ်တရလေးတွေကို ရေးသားမျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မေမေအိမ့်ချစ်က ကိုယ်ဝန်(၃၁)ပတ်ရှိနေပြီဖြစ်တဲ့ သူမရဲ့ လက်ရှိပုံလေးတွေကိုလည်း မျှဝေဖော်ပြလာခဲ့ပါသေးတယ်။

Source – Eaint Chit
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Eaint Chit
Chilli – CeleGabar