CeleGabar ပရိသတ်ကြီးရေ ချယ်ရီသင်းကတော့တကယ့်ကိုအသံပါဝါကောင်းတဲ့အမျိုးသမီးအဆိုရှင်တစ်ယောက်ဆိုတာ သူမရဲ့သီချင်းတွေကို နားထောင်ပြီးသိနိုင်ပါတယ်နော်။ဒါ့အပြင် မိခင်ကြီးကိုလည်း အလုပ်အကျွေးပြုကာ တတ်နိုင်သမျှပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာတစ်ယောက်လည်း ဖြစ်ပါတယ်။
အလှူအတန်းမှာလည်း ငွေအားလူအားနဲ့တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းနေသူတစ်ဦးပါ။ဒီနေ့မှာတော့” #မနေ့က ဖေဖေဆုံးတာ ၁၂နှစ်ပြည့် မငိုချင်တော့ဘူး ထပ်ခါထပ်ခါတွေသတိတွေရနေပြီးအဆင်ပြေအောင်နေနေဆဲပါပဲ😰ဘဝမှာဘာတွေကိုသယ်ဆောင်ပြီးဘာတွေကိုလွှတ်ချရမလဲဘာတွေဆက်လုပ်ရမလဲလူသားဆန်အောင်ဘယ်လိုစိတ်မွေးရမလဲဆိုတာဖေဖေသင်ပေးခဲ့တယ်ငါတို့ဖေဖေကတယ်လည်းအမျှော်အမြင်ကြီးပေသကိုး ဘုရားစာဆိုလည်းသူ့ပေါင်လေးပေါ်တင်ပြီးညတိုင်းသင်ခဲ့တာဖေဖေ့ကိုသူ့သူငယ်ချင်းတွေကခုထိလေးစားပြီးချစ်တာ အဖေ့သမီးဖြစ်ရတာဂုဏ်ယူတယ် ဖေဖေကောင်းရာသုကဂတိလားပါစေ🙏လွမ်းနေဆဲနော်ဖေဖေ့သမီးအငယ်လေးက😰”ဆိုကာ သတိရလွမ်းဆွတ်ကြောင်း ရင်ဖွင့်ပြောပြလာခဲ့တာပါ။
ဖခင်ကြီးမရှိတော့ပေမယ့်လည်း ကျန်ရှိနေသေးတဲ့မိခင်ကြီးအပေါ်မှာ လိုလေသေးမရှိပြုစုစောင့်ရှောက်တတ်တဲ့ သမီးလိမ္မာလေးချယ်ရီသင်းကို အားပေးစကားလေးတွေပြောခဲ့ပါဦးCeleGabarပရိသတ်ကြီးရေ။
Koe- CeleGabar
Source-CherryThin
ZawgyiFontဖြင့်ဖတ်ရန်
“ဖခင်ကြီးဆုံးပါးသွားတာ၁၂နှစ်ပြည့်ခဲ့ပြီဖြစ်တာကြောင့် သတိရလွမ်းဆွတ်အောက်မေ့ကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ချယ်ရီသင်း”
Koe- CeleGabar
Source-CherryThin