လမ်းမှာတွေ့တဲ့ မျက်စိဝေဒနာရှင် အဖိုးနဲ့အဖွားအတွက် အလှူဒါနပြုခဲ့တဲ့ ရဲလေးမ

ပရိသတ်တွေရဲ့အချစ်တော် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်ဖြစ်တဲ့ ရဲလေးမကတော့ ဒီနေကမှာ လမ်းသွားရင်းအလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ရဲလေးမကတော့ ကိုယ်တိုင်လည်း အဆင်ပြေလွန်းလှတဲ့သူတစ်ယောက်မဟုတ်ပေမဲ့ သူ့ထက်အခက်အခဲနဲ့ကြုံတွေ့နေရတဲ့ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် ကူညီလှူဒါန်းမှုတွေပြုလုပ်လေ့ရှိတဲ့သူတစ်ယောက်ပါ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကလည်း နေပူထဲမှာ စံပယ်ပန်းရောင်းနေတဲ့ အဖွားအိုတစ်ယောက်ကို ကူညီတဲ့အနေနဲ့ စံပယ်ပန်းတွေအကုန်ဝယ်ယူပြီး အလှူငွေတွေပါလှူဒါန်းပေးခဲ့ပါသေးတယ်။ အခုတစ်ခေါက်မှာလည်း ရဲလေးမက အဖိုးကတော့ မျက်စိမမြင်၊ အဖွားကတော့ မျက်စိတစ်ဖက်မရှိတော့ဘဲ ဝမ်းရေးအတွက်အလှူငွေတောင်းနေရှာတဲ့ အဖိုးနဲ့အဖွားကို သူမှာပါလာတဲ့ ငွေ(၃)ထောင်လုံးကိုလှူဒါန်းပေးလိုက်ပါတယ်။

ရဲလေးမကတော့ သနားစာနာစိတ်နဲ့လှူဒါန်းခဲ့တဲ့ ဒီအလှူလေးကို ပရိသတ်တွေဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုလို့ရအောင်မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ကိုယ်တိုင်လည်း အဆင်မပြေခက်ခက်ခဲခဲရပ်တည်နေရပေမဲ့ တကယ်အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ သူတွေကို စာနာစိတ်နဲ့ ကူညီတဲ့ ရဲလေးမရဲ့ စိတ်ဓာတ်လေးကတော့ ချီးကျူးဖွယ်ရာပါပဲ

Chilli – CeleGabar
Source – Ye Lay Ma

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x