” ကျော်ထွဋ်ဆွေက Surprise လုပ်ကာလက်ထပ်ခွင့်တောင်းဆိုမှုကို မျက်ရည်ကျလောက်တဲ့ထိအံ့သြပျော်ရွှင်ကာ လက်ခံခဲ့တဲ့ နန်းသူဇာ”
Posted on
CeleGabar ပရိသတ်ကြီးရေ ကျော်ထွဋ်ဆွေ နဲ့နန်းသူဇာကတော့ ပရိသတ်တွေ သဘောကျအားပေးရတဲ့ Idol အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအပါအဝင်ပါ။ သူတို့ချစ်သူစုံတွဲသက်တမ်းကတော့ ၁၁နှစ်ကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒီနေ့ညမှာတော့ပရိသတ်တွေအတွက်အံ့အားသင့်စရာ သတင်းကတော့ ကျော်ထွဋ်ဆွေ တစ်ယောက်သူငယ်ချင်းနန်းမြတ်၊ ထက်ထက် တို့နဲ့အတူ surprise လုပ်ကာ နန်းသူဇာကိုလက်ထပ်ခွင့်တောင်းခံခဲ့တာပဲ ဖြစ်ပါတယ် ။”I said YES 🙈🥰
ဒီတခါတော့ ကိုကျော်ကြီး Surprise အောင်မြင်ခဲ့ပြီ 😅”ဆိုတဲ့စာလေးနဲ့ သူမရဲ့အကောင့်မှာရေးသားကာ
ပျော်ရွှင်ကြည်နူးစရာပုံရိပ်လေးတေွကိုတင်လာခဲ့တာပါ။
ပရိသတ်တွေလည်း အမြဲမေးခွန်းထုတ်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲလေးကတော့မကြာခင်မှာမြင်တွေ့ရမှာပါပဲနော်။CeleGabarပရိသတ်တွေလည်း ကျော်ထွဋ်ဆွေ နဲ့နန်းသူဇာတို့ ချစ်သူစုံတွဲအတွက် ဂူဏ်ပြုစကားလေးတွေပြောခဲ့ကြပါဦးနော်။
Koe-CeleGabar
Soure :NanThuzar
ZawgyiFontဖြင့်ဖတ်ရန်
ပျော်ရွှင်ကြည်နူးစရာပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ။
Koe-CeleGabar
Soure :NanThuzar