ပရိသတ်ကြီးရေ နေမျိုးအောင်ကတော့ တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားချောတစ်လက်အနေနဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့တာဆိုရင်လည်းမမှားပါဘူးနော်။
လက်ရှိမှာတော့ နေမျိုးအောင်က အနုပညာအလုပ်တွေထက် မိသားစုကို အချိန်ပေးပြီးဖြတ်သန်းနေခဲ့ပါတယ်။ ဇနီးချောလေးနဲ့အတူ လိုက်ဖက်ညီလွန်းလှတဲ့ အမိုက်စားစုံတွဲပုံလေးတွေကို ရိုက်ကူးပြီးတော့လည်း ချစ်ကြတဲ့ ပရိသတ်တွေအတွက် နေမျိုးအောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မကြာခဏဆိုသလို မျှဝေဖော်ပြပေးလေ့ရှိပါတယ်။
လတ်တလောမှာလည်း ရတနာပုံခေတ် မြန်မာလူမျိုးတွေရဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုအတိုင်းဝတ်ဆင်ပြီး ဇနီးနဲ့အတူ မိမိုက်လှတဲ့ ပုံလေးတွေကိုရိုက်ကူးကာ ထပ်မံမျှဝေလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ နေမျိုးအောင်တို့ ဇနီးမောင်နှံကတော့ တကယ်ကို လိုက်ဖက်ညီလွန်းလှပါပေတယ်နော်။
Source – Nay Myo Aung, KMA Wedding Photo Studio
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
ရတနာပံုေခတ္ ဆင္ယင္ထံုးဖြဲ႕မႈအတိုင္း ဝတ္ဆင္ကာ အမိုက္စားရိုက္ကူးခဲ့တဲ့ ေနမ်ိဳးေအာင္တို႕ ဇနီးေမာင္နွံ
ပရိသတ္ၾကီးေရ ေနမ်ိဳးေအာင္ကေတာ့ တစ္ေခတ္တစ္ခါက ျမန္မာနိုင္ငံရဲ႕ ထိပ္တန္းမင္းသားေခ်ာတစ္လက္အေနနဲ႕ ေအာင္ျမင္မႈေတြရရွိခဲ့တဲ့ သူတစ္ယောက္ပဲျဖစ္ပါတယ္။ က်ရာဇာတ္ရုပ္တိုင္းကို ပီျပင္စြာသရုပ္ေဆာင္နိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည့္အဝသိမ္းပိုက္ထားနိုင္ခဲ့တာဆိုရင္လည္းမမွားပါဘူးေနာ္။
လက္ရွိမွာေတာ့ ေနမ်ိဳးေအာင္က အနုပညာအလုပ္ေတြထက္ မိသားစုကို အခ်ိန္ေပးျပီးျဖတ္သန္းေနခဲ့ပါတယ္။ ဇနီးေခ်ာေလးနဲ႕အတူ လိုက္ဖက္ညီလြန္းလွတဲ့ အမိုက္စားစံုတြဲပံုေလးေတြကို ရိုက္ကူးျပီးေတာ့လည္း ခ်စ္ၾကတဲ့ ပရိသတ္ေတြအတြက္ ေနမ်ိဳးေအာင္က သဴ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန မၾကာခဏဆိုသလို မွ်ေဝေဖာ္ျပေပးေလ့ရွိပါတယ္။
လတ္တေလာမွာလည္း ရတနာပံုေခတ္ ျမန္မာလူမ်ိဳးေတြရဲ႕ ဝတ္စားဆင္ယင္ထံုးဖြဲ႕မႈအတိုင္းဝတ္ဆင္ျပီး ဇနီးနဲ႔အတူ မိမိုက္လွတဲ့ ပံုေလးေတြကိုရိုက္ကူးကာ ထပ္မံမွ်ေဝလာခဲ့ပါတယ္။ CeleGabar ပရိသတ္ၾကီးေရ ေနမ်ိဳးေအာင္တို႕ ဇနီးေမာင္နွံကေတာ့ တကယ္ကို လိုက္ဖက္ညီလြန္းလွပါေပတယ္ေနာ္။
Source – Nay Myo Aung, KMA Wedding Photo Studio
Chilli – CeleGabar