မြန်မာ့တူရိယာစောင်းကို ပိုင်နိုင်စွာတီးခတ်နိုင်ခဲ့တဲ့ ဗီဒီယိုလေးကြောင့် ပရိသတ်တွေချီးကျူးမှုကို ခံနေခဲ့ရတဲ့ မေသက်ထားဆွေ

Posted on

ပရိသတ်ကြီးရေ မေသက်ထားဆွေကတော့ ပရိတ်တွေရဲ့ အချစ်တော် အဆိုတော်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ မေသက်ထားဆွေကတော့ လူငယ်တစ်ယောက်ဖြစ်ပေမဲ့ မြန်မာသံတေးသီချင်းတွေကို ပိုင်နိုင်စွာသီဆိုနိုင်တာကြောင့် ပရိသတ်တွေကချီးကျူးနေခဲ့ရတဲ့သူတစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။

မေသက်ထားဆွေကတော့ ဒီနေ့မှာလည်း ပရိသတ်တွေထံကနေ ချီးကျူးခြင်းကို ခံနေခဲ့ရပါတယ်။ မေသက်ထားဆွေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဟင်္သာတမြို့ မိုးကောင်းဆရာတော်ကြီး သက်တော် (၈၇) နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲကို တက်ရောက်ခဲ့ပြီး ဗီဒီယ်ုလေးရိုက်ကူးကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ မေသက်ထားဆွေက မြန်မာတူရိယာဖြစ်တဲ့ စောင်းကို ပိုင်နိုင်စွာတီးခတ်ခဲ့တာလေးပါဝင်ခဲ့ပြီး ပရိသတ်တွေကတော့ မေသက်ထားဆွေရဲ့ တီးခတ်မှုစွမ်းရည်ကို အံ့သြမှင်သက်ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မေသက်ထားဆွေကတော့ လူသာငယ်က ပညာကမငယ်ဘူး တကယ်ကို တော်လွန်းလှပါတယ်နော်။

Source – Maythethtar Swe
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar