သူငယ်ချင်းဖြစ်သူ ရေမွန်ကွယ်လွန်ခြင်း(၁)နှစ်ပြည့်အနေနဲ့ အလှူပြုလုပ်ပေးခဲ့တဲ့ မေ

Posted on

ပရိသတ်ကြီးရေ ဒီနေ့ ဇွန်လ (၂၃)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော်ရေမွန်ကွယ်လွန်သွားတာ (၁)နှစ်ပြည့်မြောက်သွားတဲ့ နေ့လေးပဲဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်သွားတာ (၁)နှစ်ပြည့်မြောက်သွားခဲ့ပေမဲ့ ပရိသတ်တွေအတွက်တော့ မနေ့တစ်နေ့ကလိုပဲ လွမ်းဆွတ်တမ်းတနေကြစဲပါ။

ရေမွန်အတွက်ရည်စူးပြီးကောင်းမှုကုသိုလ်တွေအသီးသီးပြုလုပ်ပေးနေခဲ့ကြပြီး ကောင်းမှုတွေပြုလုပ်ပေးကြတဲ့ထဲမှာ သရုပ်ဆောင် အဆိုတော်မလေး မေကလည်း အပါအဝင်ပဲဖြစ်ပါတယ်။ မေနဲ့ ရေမွန်ကတော့ သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပြီး မေကတော့ ဒီနေ့မှာ သူငယ်ချင်းဖြစ်သူ ရေမွန်အတွက်ရည်စူးပြီး “မေတ္တာကမ်းလက်” ပရဟိတ မိဘမဲ့ ကလေးများစောင့်ရှောက်ရေးကျောင်းမှာ သွားရောက်အလှူပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ကလေးတွေအတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်ဖို့ အလှူငွေ သိန်း(၂၀)ကျပ်တိတိကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မေကတော့ ရေမွန်အတွက် တကယ်ကို သူငယ်ချင်းကောင်းပီသလွန်းလှတဲ့ သူတစ်ယောက်ပါပဲနော်။

Source – May
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – May
Chilli – CeleGabar