မှတ်မှတ်ရရစွဲကျန်နေတဲ့ ကျော်ဟိန်းရဲ့ဇာတ်ကားတွေကို ပြောပြလာတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး

Posted on

ကျော်ဟိန်းကတော့ သေဆုံးသွားတဲ့တိုင်အောင် လူတွေရဲ့ရင်ထဲမှာ ပြောစမှတ်တွင် ကျန်နေရစ်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကမှာလည်း ချီးကျူးစကားများစွာနဲ့ ရင်ထဲစွဲထင်စေကျန်သူ တစ်ယောက်လည်းဖြစ်တာပါ။ ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ ပရိသတ်အားပေးမှုရထားတဲ့ လူငယ်ဒါရိုက်တာတစ်ယောက်ပါ။ သူကတော့ ကျော်ဟိန်းနဲ့ပတ်သက်ပြီး ရင်ထဲမှာမှတ်မှတ်ထင်ထင်ဖြစ်နေတဲ့ဇာတ်ကားတွေကို ပရိသတ်တွေကို မျှဝေလာခဲ့တာပါ။


သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကျွန်တော် မှတ်မှတ်ထင်ထင် အဖြစ်ရဆုံး ဦးကျော်ဟိန်း ဇာတ်ကား (၄၀) အပိုင်း (၁) ဦးကျော်ကို ဘယ်လောက် ကြိုက်နှစ်သက်ပြီး သူ့ ဇာတ်ကားတွေကို ဘယ်လောက် အားပေးလဲ ဆိုရင် ဒီ အကြောင်းအရာလေးရေး‌မယ်ဆ်ုပြီး စဉ်းစားလိုက်တာနဲ့ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင် ၊ ဗီဒီယို တွေ ခေါင်းထဲ အစီအရီ ပေါ်လာပါတယ်။တချို့ ဇာတ်ကားတွေ ဆို ၅ နှစ်သားလောက်က ကြည့်ဖူးတာ ၊ အများစုက ၊ ကျွန်တော် ၅ နှစ်က ၁၅ နှစ် ဝန်းကျင် အတွင်း ကြည့်ဖူးတဲ့ ဇာတ်ကားတွေပေမယ့် ဇာတ်လမ်းရော၊ သရုပ်ဆောင်တွေရော ၊ ပြကွက်တွေရော ၊ ခံစားချက်တွေပါ မှတ်မိနေတာ ကိုယ့်ကိုယ်ကို အံဩမိပါတယ်။ မှတ်မိချက်က အဲဒီဇာတ်ကားမှာ ပါတဲ့ သရုပ်ဆောင်တယောက်ချင်းစီ နာမည်က အစ မှတ်မိနေတာပါ။ ကိုယ့်ကိုယ်ကို တောင် လန့်သွားပါတယ်။


ပြောရရင် အဲ့ဇာတ်ကားတွေကိုဆို တခေါက်စီပဲ ကြည့်ဖူးတာ၊ ကလေး အရွယ်တုန်းက ၊ အဲ့ထဲက တချို့ သရုပ်ဆောင်တွေဆို ဆက်တောင်မလုပ်ကြတော့ဘူး၊ ကိုယ်က အကုန်မှတ်မိနေတုန်း။ ဇာတ်ကား ၄၀ ဆိုတော့ ရေးရင် အရမ်းများမှာမို့ အပိုင်းလေးတွေ ခွဲရေးပါမယ်။ တခုခု အမှားအယွင်းပါတယ်ဆို ပြင်ပေးပါ။ဦးကျော်ရဲ့ အကောင်းဆုံးဇာတ်ကားတွေလို့ ဆိုတာထက် ကျွန်တော့်အတွက် မှတ်မှတ်ရရ စွဲကျန်နေတဲ့ ဇာတ်ကားတွေလို့ ပြောချင်ပါတယ်။ဘေးမှာ တစ်ကားချင်းစီအလိုက် ဦးကျော်ဟိန်း နဲ့ တွဲဖက် ပါဝင်သရုပ်ဆောင်သူတွေကို ဖော်ပြထားပါတယ်။ ဆိုပြီးတော့ ဇာတ်ကားတစ်ခုချင်းစီကိုအသေးစိတ်ရေးသားထားတာပါ။


သူဖော်ပြထားတဲ့ ဇာတ်ကားတွေကတော့ “ဒုက္ခကိုအရောင်ဆိုးထားတယ်၊ရိုက်စား ၊အကြွေး ၊မိုက်ချက်ကတော့ ကမ်းကုန်ပဲ၊အဆိပ်ပြင်းသည် ၊တဏှာ ၊ဘဝအိပ်မက် ပန်းအိပ်မက် ၊ဟဲ့ ပလုတ်တုတ် ၊ကျွန်တော် နှင့်၊ထိုသုံးယောက်၊မနက်ဖြန်ရောက်ချင်တယ် နဲ့ မိုးတစေ ” စတဲ့ဇာတ်ကားတွေပါ။ ကျော်ဟိန်းကတော့ လူတွေရဲ့ရင်ထဲမှာထာဝရရှင်သန်နေတဲ့အနုပညာရှင်တစ်ဦးပါပဲနော်…
Source :HtooPaingZawOo