အဖွားဖြစ်သူ နှစ်ပတ်လည်အတွက် အလှူပွဲလေးပြုလုပ်ခဲ့တဲ့ လူမင်းတို့ မိသားစု

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် လူမင်းကတော့ ဒီနေ့ဇူလိုင်လ (၁၆)ရက်နေ့မှာ အလှူလေးတစ်ခုပြုလုပ်ဖြစ်ခဲ့တဲ့ အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။ အလှူလေးကတော့ အဖွားဖြစ်သူ ရဲ့ ကွယ်လွန်ခြင်း (၆)နှစ်ပြည့် နှစ်ပတ်လည်အတွက် ရည်စူးပြီး လူမင်းတို့ မိသားစုက အလှူလေးပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

အဖွားဖြစ်သူ (၆)နှစ်ပြည့်နှစ်ပတ်လည်နေ့လေးအတွက် လူမင်းတို့မိသားစုက ဝါဆိုသင်္ကန်းကပ်နဲ့ သံဃာတော်များကို နေ့ဆွမ်းကပ်အလှူလေးပြုလုပ်လှူဒါန်းခဲ့တာပါ။ အခုလို အလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းကို လူမင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေ ထပ်တူထပ်မျှကုသိုလ်ရရှိနိုင်စေဖို့ကို ရည်ရွယ်ပြီး သာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြထားတာပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ဒီနေ့မှာပြုလုပ်တဲ့ လူမင်းတို့မိသားစုရဲ့အလှူလေးကို ပရိသတ်တွေလည်း ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုပြီး ထပ်တူထပ်မျှကုသိုလ်ရအောင် CeleGabar ကနေပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Chilli – CeleGabar
Source – Ayarwady Lu Min