ညီမလေးထင်သစ္စာရဲ့ မွေးနေ့အတွက် ညီမလေးရဲ့ ငယ်ဘဝပုံလေေးတွနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဘုန်းမင်းနေလ

Posted on

ပရိသတ်ကြီးရေ ဘုန်းမင်းနေလကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားလေးပဲဖြစ်ပါတယ်။ ဘုန်းမင်းနေလကိုယ်တိုင်လည်း လက်ရှိမှာသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေခဲ့တာ အောင်မြင်မှုတွေရရှိသင့်သလောက်ရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။

ဘုန်းမင်းနေလကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ညီမလေးဖြစ်သူ ထင်သစ္စာရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ “Happy Sweet 18 my little sister ” ဆိုပြီးမွေးနေ့ဆုတောင်းလေးနဲ့အတူ ညီမလေးရဲ့ ငယ်စဉ်ကပုံလေးတွေကိုပါ ဘုန်းမင်းနေလက မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

Happy Birthday ပါ ထင်သစ္စာလေးရေ။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး မေမေ့အပေါ်လည်းသိတတ်လိမ္မာကာ လုပ်ကျွေးပြုစုစောင့်ရှောက်နိုင်တဲ့ သမီးကောင်းရတနာတစ်ပါးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။CeleGabar ပရိသတ်တွေလည်း ထင်သစ္စာရဲ့ မွေးနေ့အတွက်မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Phonemin Nay La
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Phonemin Nay La
Chilli – CeleGabar