အိမ်ထောင်သက်(၁)နှစ်ပြည့်နှစ်ပတ်လည်နေ့လေးမှာ ဇနီးလေးအချစ်ပိုရလောက်အောင် မင်္ဂလာဆုတောင်းစကားဆိုခဲ့တဲ့ ဂျိုကာ

ပရိသတ်ကြီးရေ ဂျိုကာကတော့ သရုပ်ဆောင်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရဲလေးရဲ့ ညီလေးပဲဖြစ်ပါတယ်။ဂျိုကာကတော့ သူကိုယ်တိုင်လည်း အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရပ်တည်နေပြီး ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားပါသေးတယ်။

မနေ့က ဇွန်လ (၂၄)ရက်နေ့လေးကတော့ ဂျိုကာနဲ့ သူ့ရဲ့ဇနီးတို့ရဲ့ တစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဂျိုကာကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ “Happy 1 year Anniversary Chayy. တစ်နှစ်ဆိုတဲ့ အိမ်ထောင်သည်ဘဝအချိန်အတွင်း အနားမှာအတူရှိပေးပြီး အားပေးပံ့ပိုးချစ်နေခဲ့ပေးတဲ့အတွက် ယောကျာ်း မိန်းမကိုအရမ်းကျေးဇူးတင်တယ်…အရမ်းလည်းချစ်တယ်…

ရှေ့ဆက်ပြီးကိုယ်တို့တတွေနားလည်မှုတွေနဲ့အခက်အခဲမရှိပူပင်ကင်းမဲ့စွာနဲ့ဘဝကိုအတူတူကြိုးစားပြီးဖြတ်သန်းသွားကြမယ် နော် … မေမေး ” ဆိုပြီး ဇနီးလေးအချစ်ပိုရလောက်အောင် မင်္ဂလာနှစ်ပတ်လည်ဆုတောင်းစကားဆိုခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဂျိုကာတို့ ဇနီးမောင်နှံအတွက် မင်္ဂလာဆုတောင်းစကားလေးတွေဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Wai Yan Tun Min
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Wai Yan Tun Min
Chilli – CeleGabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x