အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲစတင်ဝင်ရောက်ခဲ့သူယုန်လေးကတော့ အခုဆိုရင် သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးမှုရရှိလာသူပါ။ ဒီနှစ်ပိုင်းတွေမှာ ရုပ်ရှင်တွေဇာတ်ကားတွေဆက်တိုက်ရိုက်ကူးပြီး ဂီတဘက်ပြန်မလှည့်ဖြစ်ခဲ့ပေမယ့် ကိုဗစ်ကာလစတင်ချိန်က စိတ်ကူးနဲ့ပဲ သီချင်းလေးကို ဖန်တီးကာ ပရိသတ်ကိုချပြခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ သီချင်းတွေဆက်တိုက်ပြန်လုပ်လာသူပါ။
ဒီနေ့မှာလည်း လွန်ခဲ့တဲ့ရှစ်လကတည်းက သူရေးသားသီဆိုခဲ့တဲ့ “ချစ်ခွင့်ရှိရင်” ဆိုတဲ့သီချင်းလေးကို ပရိသတ်ကိုချပြခဲ့ပါတယ်။ ဒီသီချင်းလေးကိုတော့ အိပ်မက်ထဲမှာတွေ့ဆုံခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို ရည်ရွယ်ပြီး အပြင်မှာပါ အဲ့ဒီစိတ်လေးကို မပျောက်ချင်လို့ သီချင်းလေးအဖြစ် ဖန်တီးထားခဲ့တာပါတဲ့။ လွန်ခဲ့တဲ့ရှစ်လကတည်းက ဒီသီချင်းလေးကို ဖန်တီးထားခဲ့ပေမယ့် ပရိသတ်တွေအတွက်” ငြိမ်းချမ်းချင်ပြီမြန်မာပြည်” Save The World “” ဝမ်းစာ””စိတ်ကူး” စတဲ့လက်တွေ့ဆန်တဲ့သီချင်းတွေကိုပဲ ချပြခဲ့ပြီး ဒီသီချင်းလေးကို နားထောင်ပေးမယ့်သူမရှိမှာစိုးရိမ်လို့ ပရိသတ်ကြီးအတွက် မမျှဝေဖြစ်ခဲ့တာပါတဲ့။
ဒီနေ့မှာတော့ အားပေးဝန်းရံကြတဲ့ပရိသတ်တွေေကြောင့် ယုန်လေးကတော့ သူလွန်ခဲ့တဲ့ရှစ်လကတည်းက တစ်ယောက်တည်း Feel နေဖြစ်တဲ့ “ချစ်ခွင့်ရှိရင်” ဆိုတဲ့သီချင်းလေးကို မျှဝေပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ ယုန်လေးကို အားပေးကြတဲ့ပရိသတ်ကြီးအတွက် သူကိုယ်တိုင်ရေးသားသီဆိုထားတဲ့ “ချစ်ခွင့်ရှိရင်” ဆိုတဲ့ သီချင်းအေးအေးလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Yone Lay
Rainbow- Cele Gabar