နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ငွေကျပ်သိန်းနှစ်ဆယ်လှူဒါန်းခဲ့တဲ့ ဂျွန်လွင်

Posted on

Star & Models Agencyရဲ့ပဲ့ကိုင်ရှင်ဖြစ်သလို အနုပညာမျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျွန်လွင်ကတော့ အနုပညာရှင်အများစုရဲ့ ဆရာအဖြစ်လေးစားခြင်းခံရသူပါ။ လိုအပ်တဲ့နေရာမှာဝင်ရောက်ဖျန်ဖြေလေ့ရှိတဲ့ ဂျွန်လွင်ကတော့ အလှူအတန်းလည်း ရက်ရောသူတစ်ယောက်ပါ။ သိပ်မကြာသေးခင်ကလည်း အသက်(၅၃)ပြည့်သွားခဲ့တဲ့ဂျွန်လွင်ကတော့ အလှူတစ်ခုပြုလုပ်ခဲ့ပြန်ပါတယ်။

သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကွယ်လွန်သူ (ဦးလှမြင့်) (၁၈) နှစ်ပြည့်အားရည်စူး၍ တင်အောင်လွင် (ခ) ဂျွန်လွင် (၅၃) နှစ်ပြည့်မွေးနေ့အလှူ မြတ်ဒါန အနေဖြင့် ဦးကျော်သူဦးစီးသော နာရေးကူညီမှုအသင်း (ရန်ကုန်) ကိုမြန်မာငွေကျပ်သိန်းနှစ်ဆယ်တိတိ လှူဒါန်းခဲ့ပါတယ်။ အခုလိုမွေးနေ့အတွက်ရည်စူးပြီး လှူဒါန်းရခြင်းကြောင့်လည်း ဝမ်းသာပီတီဖြစ်ရပါတယ်။ ဖေ့ဘုတ်က မိတ်ဆွေသူငယ်ချင်းများလည်း
ကျွန်တော်ပြုသမျှ ကုသိုလ်ရရှိနိုင်စေဖို့ သာဓုခေါ်ဆိုနိုင်ပါတယ်။” ဆိုပြီးတော့ အသိပေးရေးသားထားပါတယ်။


ဂျွန်လွင်ကတော့ မွေးနေ့အလှူကို အကျိုးရှိတဲ့နေရာမှာ ငွေသိန်း(၂၀)တောင်လှူဒါန်းခဲ့တာပါ။ အများအကျိုးအတွက်တွေးပေးတတ်လွန်းတဲ့ ဂျွန်လွင်ကတော့ လိုအပ်တဲ့နေရာမှာလှူတာတွေ ကူညီတာတွေလုပ်လေ့ရှိတာကြောင့် တကယ့်ကိုလေးစားထိုက်သူတစ်ယောက်ပါပဲနော်…
Source : JohnLwin