” ဆယ်တန်းဘဲအောင်ပြီး ဘွဲ့မရတဲ့သူမရဲ့ငယ်ဘဝကိုပြန်လည်ပြောပြကာ သိမ်ငယ်မိကြောင်းရင်ဖွင့်လာတဲ့ ခင်ရူပ”

Posted on

CeleaGabarပရိသတ်ကြီးရေ ခင်ရူပကတော့မော်ဒယ်လ်လောကမှာအောင်မြင်ခဲ့တဲ့ သူဖြစ်တဲ့အပြင် အလှမယ်တစ်ယောက်အဖြစ်လည်း လူသိများခဲ့တာပါ။ အနုပညာအလုပ်တွေကိုအခုချိန်မှာရပ်နားထားတဲ့ ခင်ရူပကတော့ အိမ်ထောင်သည်ဘဝနဲ့အေးချမ်းစွာနေထိုင်နေသူပါ။

အမြဲသူမရဲ့ဖြတ်သန်းလာတဲ့ဘဝနဲ့ သူမရဲ့နေထိုင်မှုကိုပွင့်ပွင့်လင်းလင်း ချပြပြောဆိုတတ်တဲ့အနုပညာရှင်ထဲကတစ်ယောက်ပါ။ဒီနေ့မှာလည်း”တစ်ခါတစ်လေတော့လည်း .. ၁၀ တန်းဘဲအောင်ပြီး ဘွဲ့မရတာသိမ်ငယ်မိတယ်..ငယ်ငယ်တုန်းက အိမ်မက်က နိုင်ငံခြားမှာ ကျောင်းတက်ဘွဲ့ယူချင်ခဲ့တာ..”

ခုတော့လည်း ဆိုင်ဖွင့်ပြီးကတည်းက အလုပ်ခွင်ထဲဘဲ ကြိုးစားလုံးပန်းရုန်းကန်နေရတယ်။ဆန္ဒနဲ့ဘဝ ဆိုတာ အမြဲတော့ ထပ်တူကျမနေခဲ့ဘူး။တချို့ကလေးတွေကို အားကျတယ်။”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောပြလာခဲ့တာပါ။ CeleGabarပရိသတ်ကြီးဆိုရှယ်မီဒီယာပေါ်မှာအမြဲပွင့်လင်ရိုးသားစွာအရှိကိုအရှိတိုင်းပြောဆိုတတ်တဲ့ရူပလေးကို ချစ်တဲ့သူတွေရှိမှတ်ချက်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Soure : Khin YuPa
ZawgyiFontဖြင့်ဖတ်ရန်


 




Koe-CeleGabar
Soure : Khin YuPa