အားလပ်ချိန်နဲ့ ကိုယ်ပိုင်ချိန်မရှိတော့လောက်အောင် အလုပ်တွေများနေပြီဆိုတဲ့ ခြူးလေး

Posted on

ပရိသတ်အချစ်တော် MRTV-4 မင်းသမီးလေး ခြူးစိန်ကတော့ tik tok Queen လို့ပရိသတ်တွေချစ်စနိုးခေါ်ရလောက်အောင် tik tok လေးတွေ အမြဲရိုက်ပြီး ပရိသတ်တွေကို မျှဝေပေးနေတဲ့သူပါ ။ ပဉ္စလတ်ရွာ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်တွေ အားပေးမှုရရှိခဲ့ပြီး အခုဆိုရင် ဇာတ်လမ်းတွဲပေါင်းများစွာလည်း ရိုက်ကူးခဲ့ပြီးပြီဖြစ်ပါတယ် ။

လတ်တလော ခြူးလေးတစ်ယောက် ငြိမ်နေတဲ့အပြင် tik tok လေးတွေလဲသိပ်မတွေ့ရတော့တာ ပရိသတ်တွေလည်း သတိထားမိမှာပါနော် ။ ခြူးလေးကတော့ မနက်မိုးလင်း အိပ်ရာနိုးရင် ဒီနေ့ Page မှာ ဘာ Commercial တင်ရမလဲ ဒီနေ့ဘာ ရှုတင် ရှိလဲ ဘယ်ချိန် က ဘယ်ချိန်လဲ မိသားစုကို ဘယ်အချိန်မှ အချိန်ပေးရမလဲ လူမှုရေးနဲ့ ရုံးကိစ္စတွေ ဘယ်ချိန်မှ လုပ်ရမလဲ ကိုယ်ပိုင်ချိန်ဆိုတာဘယ်မှာလဲ ရုပ်ရှင် တစ်ကားပြီးအောင် ဘယ်ချိန်မှ ကြည့်ရမလဲ ခုလည်း ဒီစာကို မီးပွိုင့်မိမှပဲ ရေးရတော့ ဆိုတဲ့စာသားလေးကိုသူမရဲ့ မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

ပရိသတ်ကြီးရေ ခြူးလေးတစ်ယောက် ခုလို ငြိမ်ချက်သားကောင်းနေတာကတော့ မိသားစုကိုတောင် အချိန်မပေးနိုင်တော့လောက်အောင် အလုပ်တွေများနေတဲ့အကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာပဲဖြစ်ပါတယ် ။ ခုတလောငြိမ်နေတယ်ဆိုပြီး သိချင်နေကြတဲ့ ခြူးလေးကို ချစ်တဲ့ Cele Gabar ပရိသတ်ကြီးသိအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Chue Lay
Emily (cele Gabar)