ဂေဟာမှာ ညီလေးညီမလေးတွေကို ကူထိန်းပေးနေတဲ့အထိ မေမေခိုင်နှင်းဝေ အားကိုရနေပြီဖြစ်တဲ့ အာကြီး

Posted on

ပရိသတ်ကြီးရေ အာကြီးကတော့ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ ခေါ်ယူမွေးစားစောင့်ရှောက်ထားတဲ့ ကလေးငယ်တွေထဲက အလည်ဆုံးအတတ်ဆုံးကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အာကြီးရဲ့ အရွယ်နဲ့မလိုက်အောင် လည်ပြီး တတ်လွန်းလှတာကြောင့် ပရိသတ်တွေကအချစ်ပိုကာနေရတဲ့ ကလေးဆိုရင်လည်းမမှားပါဘူးနော်။

မေမေခိုင်နှင်းဝေချစ်အောင်လည်းချွဲတတ်ပြီး လက်ရှိ(၁)နှစ်ကျော်အရွယ်ရောက်လာချိန်မှာတော့ ပိုပြီးတောင် သိတတ်နားလည် အလိုက်သိပြီး အားကိုးလို့လည်းရနေပါပြီ။ အခုဆိုရင်အာကြီးကတော့ ဂေဟာကို အငယ်လေးတွေရောက်လာပြီး အကိုတစ်ယောက်ဖြစ်လာတဲ့ အချိန် အငယ်လေးတွေကို ကူထိန်းပေးတဲ့အထိ အားကိုးနေရပြီပဲဖြစ်ပါတယ်။

မေမေခိုင်နှင်းဝေကတော့ သားအာကြီးရဲ့ ညီလေးညီမလေးတွေကို ကူထိန်းပေးနေတာကိုကြည့်ပြီး ပီတိဖြစ်သဘောကျကာ ဗီဒီယိုလေးရိုက်ကူးပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ အာကြီးကတော့ မေမေခိုင်နှင်းဝေအတွက် အခုကတည်းက ကူညီဖော်ရနေပြီနော်။

Source – Khine Hnin Wai
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Khine Hnin Wai
Chilli – CeleGabar