တိုက်ကြီးမြို့နယ် လိပ်ကြည်ရွာဦးကျောင်းမှာ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ မေခလာ

Posted on

ပရိသတ်ကြီးရေ မေခလာကတော့ ပရိသတ်တွေရဲ့ အချစ်တော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလောကမှာ အဆိုတော်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အချိန်တော်တော်ကြာရပ်တည်နေခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ဝါရင့် အနုပညာရှင်ကြီးလည်းဖြစ်ပါတယ်။

မေခလာကတော့ မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။ အလှူလေးကတော့ တိုက်ကြီးမြို့နယ် လိပ်ကြည်ရွာဦးကျောင်းမှာ တစ်ပါးကျောင်းဆောင်လေးတစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ မေခလာကတော့ သက်တော်ရှည် ၉၇ နှစ်ရှိတဲ့ ဆရာတော်ဘုရားကြီးကို သွားရောက်ဖူးမြှော်ခဲ့ရာကနေ သဒ္ဓါပေါက်တာကြောင့် မထင်မှတ်ဘဲလှူဒါန်းဖြစ်ခဲ့တာပါတဲ့။

မေခလာကတော့ ရှိလွန်းလို့လှူဒါန်းမဟုတ်ပေမဲ့ တစ်ပါးကျောင်းဆောင်လေးဆောက်လုပ်လှူဒါန်းဖို့ ကုန်ကျငွေ သိန်း(၁၅၀)ကျပ်အတွက် လက်ရှိမှာ မတည်ငွေအနေနဲ့ သိန်း(၃၀)ကို လှူဒါန်းခဲ့ပြီး ကျန်နဲ့ အလှူငွေတွေကို တဖြေးဖြေးလှူဒါန်းသွားမှာပါတဲ့။ CeleGabar ပရိသတ်ကြီးရေ မေခလာရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – May KhaLar
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – May KhaLar
Chilli – CeleGabar