နာမည်ကြီး အကယ်ဒမီသရုပ်ဆောင်တွေနဲ့ရိုက်ကူးတော့မယ့် ဒါရိုက်တာဝင်းလွင်ထက်ရဲ့ ” အိမ် ” ရုပ်ရှင်ကားကြီး

Posted on

ပရိသတ်ကြီးရေ Covid ကာလတွေမှာ ရုပ်ရှင်ဇာတ်ကားသစ်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် သတင်းကောင်းလေးပါးလိုက်ပါရစေနော် ။ နာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ဝင်းလွင်ထက်က အိမ် ဆိုတဲ့ ရုပ်ရှင်ကားကို နာမည်ကြီး အကယ်ဒမီ သရုပ်ဆောင်တွေနဲ့ရိုက်ကူးတော့မှာဖြစ်တယ်လို့သိရပါတယ် ။

အိမ် ဆိုတဲ့ ခေါင်းစဉ်ကြောင့် မိသားစု ဇာတ်လမ်းလေးများ ဖြစ်လာလေမလားလို့လည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာဖြစ်ပါတယ် ။ ပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ နာမည်ကြီး အကယ်ဒမီသရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မေသဉ္ဇာဦး ၊ အကယ်ဒမီ ထွန်းထွန်း ၊ အကယ်ဒမီ အေးမြတ်သူ နဲ့ အကယ်ဒမီ ယွန်းယွန်းတို့ပဲဖြစ်ပါတယ် ။ ဒီ အကယ်ဒမီသရုပ်ဆောင် လေးယောက်နဲ့အတူ ရိုက်ကူးမယ့် ရုပ်ရှင်ကားကို ပရိသတ်တွေလည်း စိတ်ဝင်စားနေကြလောက်ပြီထင်ပါတယ်နော် ။

တကယ့် သရုပ်ဆောင်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေ နဲ့ရိုက်ကူးတော့မှာဖြစ်တယ်ဆိုတော့ အကယ်ဒမီ ဆုရှင်တွေရဲ့ အမိုက်စား သရုပ်ဆောင်ကွက်တွေကိုတွေ့မြင်ရတော့မှာပါ ။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းလေးက သရုပ်ဆောင်တွေလက်ထဲကိုရောက်နေပြီဆိုတော့ ဘယ်တော့ ရိုက်ပြီး ပရိသတ်တွေရှေ့ကို ဘယ်ချိန်ရောက်လာမလဲဆိုတာကတော့ ရင်ခုန်စရာပါပဲ ။

Source : Yoon Yoon
Emily (Cele Gabar)