Smile ပြင်ဦးလွင် ဟိုတယ်မှာ ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ စမိုင်းလ်

Posted on

ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ ဒီနေ့ ဇူလိုင်လ (၁)ရက်နေ့မှာ သူ့ရဲ့ ပြင်ဦးလွင်မှာရှိတဲ့ Hotel မှာ ဝါဆိုသင်္ကန်းကပ်အလှူပြုလုပ်ခဲ့ပါတယ်။ စမိုင်းလ်ကတော့ အမြဲလိုလိုအလှူအတန်းတွေကို ရက်ရောစွာနဲ့ လှူဒါန်းတတ်တာကြောင့် ပရိသတ်တွေကချီးကျူးလေးစားနေရတဲ့ သူတစ်ယောက်ပါ။

ဒီနေ့မှာလည်း စမိုင်းလ်က မြန်မာလူမျိုးတို့ရဲ့ ဝါတွင်းကာလ ဓလေ့ထုံးစံအတိုင်း ဝါဆိုသင်္ကန်းကပ်လှူတဲ့ အလှူဒါနလေးကို သူ့ရဲ့ ပြင်ဦးလွင်မှာရှိတဲ့ ခမ်းနားလှတဲ့ Smile ပြင်ဦးလွင် Hotel မှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဟော်တယ်က ဝန်ထမ်းတွေနဲ့အတူ ဝါဆိုသင်္ကန်းကပ်အလှူလေးကိုပြုလုပ်ခဲ့ပြီး ဝန်ထမ်းတွေရဲ့ မိသားစုတွေအတွက် ဆန်အိတ်တွေပါ လှူဒါန်းပေးခဲ့ပါသေးတယ်။

စမိုင်းလ်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အလှူလေးပြုလုပ်ခဲ့ကြောင်းကို အလှူမှတ်တမ်းပုံရိပ်လေးတွေနဲ့ အတူ မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ စမိုင်းလ်ရဲ့ မွန်မြတ်လှတဲ့ ဝါဆိုသင်္ကန်းကပ်အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – စမိုင်းလ် Smile
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar