” နိုင်လင်းဇာတ်ရုပ်ကိုပီပြင်လွန်းတာကြောင့်မိန်းမသားထုကြီးရဲ့အမုန်းတွေကို အပြင်းအထန်ရရှိနေတဲ့ကျော်ထက်ဇော်”

Posted on

CeleGabar ပရိသတ်ကြီးရေ ကျော်ထက်ဇော်လို့ပြောလိုက်တာနဲ့ ဇာတ်လမ်းတွဲတွေရဲ့ဇာတ်ကောင်နဲ့အတူတူပြေးမြင်မိကြမှာမလွဲပါပဲနော်။ကျော်​ထက်ဇော်ကတော့ ” အမုန်းမှသည်”ဇာတ်လမ်းတွဲမှာ သူဌေးလေးနေရောင်ခန့်အဖြစ်နဲ့ မိန်းကလေးတွေရဲ့ အသည်းကိုလှုပ်ခတ်နိုင်ခဲ့သူတစ်ယောက်ပါ။

ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ ” အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲ မှာ အဓိကဇာတ်ကောင်အပြင် နှစ်ကိုယ်ခွဲကာအဓိကခေါင်းဆောင်မင်းသားနေရာကပါဝင်ခဲ့တာပါ။အခုတစ်ခါမှာလည်း ပရိသတ်ရှေ့ကို မရောက်တာကြာနေပြီဖြစ်ပေမယ့် မပြသခင်ကတည်းပရိသတ်တွေစိတ်ဝင်စားခဲ့တဲ့”ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်”ဇာတ်လမ်းတွဲမှာ​ ခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်ထားခဲ့တာပါ။

ကျော်ထက်ဇော်ဆိုတဲ့အတိုင်း ဇာတ်လမ်းတွဲမှာသရုပ်ဆောင်ချက်တွေကတော့ပရိသတ်တွေကြားမှာအများဆုံးရေပန်းစားလျက်ရှိတဲ့အပြင် မျက်နှာများတဲ့ယောကျာ်းတစ်ယောက်ရဲ့ ကာရိုက်တာကိုအပြည့်အဝသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေကကျော်ထက်ဇော်ဆိုတာကိုမေ့ကာ နိုင်လင်းဇာတ်ရုပ်အနေနဲ့ မိန်းမသားထုကြီးကတော့အသည်းအသန်ဒေါသတွေထွက်ကာ နိုင်လင်းကာရိုက်တာကိုမုန်းနေကြတာပဲ ဖြစ်ပါတယ် ။CeleGabarပရိသတ်ကြီးကော နိုင်လင်းကိုမုန်းပေမယ့် ကျော်ထက်ဇော်ကိုတော့ သဘောကျအားပေးနေဆဲပဲလားဆိုတာ ပြောခဲ့ပါဦးနော်။


Koe- CeleGabar
ZawgyiFontဖြင့်ဖတ်ရန်


 





Koe- CeleGabar