မောင်လေးရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ နန်းဆုရတီစိုး

Posted on

ပရိသတ်ကြီးရေ နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ အဆိုတော် မော်ဒယ်လ် မင်းသမီးတစ်လက်အနေနဲ့ ရပ်တည်နေတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ နန်းဆုကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မောင်လေးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။

နန်းဆုရဲ့ မောင်လေးကလည်း အနုပညာအလုပ်တွေမလုပ်ပေမဲ့ နန်းဆုနဲ့အတူ ပုံလေးတွေရိုက်ကူးပြီး နန်းဆုကမောင်လေးကို ပွဲထုတ်လေ့ရှိတာကြောင့် ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားသူတစ်ယောက်ပဲဖြစ်ပါတယ်။ နန်းဆုကတော့ မောင်လေးရဲ့ မွေးနေ့အတွက် “Happy Birthday my lovely youngest brother. Be always healthy & happy ” ဆိုပြီးမွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။

မွေးနေ့ဆုတောင်းလေးနဲ့အတူလည်း မောင်လေးနဲ့ အတူ တွဲဖက်ရိုက်ကူးထားခဲ့တဲ့ ပုံလေးတွေကိုလည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေရော နန်းဆုရဲ့ မောင်လေးအတွက် ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်အောင် မွေးနေ့ဆုမွန်ကောင်းတွေ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Nansu Yati Soe
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Nansu Yati Soe
Chilli – CeleGabar