လက်ကျန်အချိန်လေးကို သီလသမာဓိပညာ နဲ့ အကောင်းဆုံးသမိုင်း ရေးထိုးနိုင်အောင်လုပ်ဆောင်သွားမယ်ဆိုတဲ့ အရှင်ဇောတိက တစ်ဖြစ်လဲ သရုပ်ဆောင် ဇွဲနိုင်ဝင်း

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာ အခုဆိုရင် လနဲ့ချီနေခဲ့ဖြစ်ဖြစ်တာမို့ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ ဇွဲနိုင်ဝင်းကတော့ ဇောတိကဘွဲ့အမည်နဲ့ တရားအလုပ်တွေကို လုပ်ကိုင်နေပြီး အေးချမ်းစွာနဲ့ ဘဝကိုဖြတ်သန်းနေခဲ့ပါတယ်။

အရှင်ဇောတိကတစ်ဖြစ်လဲ သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ “တပည့်တော်က လက်ကျန်အချိန်လေးကို အကောင်းဆုံးဖြစ်အောင် သီလ သမာဓိပညာ နဲ့ အကောင်းဆုံး သမိုင်း ရေးထိုးနိုင်အောင်လုပ်မယ်..။ဒူးကနာ ကျန်းမာရေးက ကောင်းတခါ မကောင်းတလှည့်ပဲ ဒါပေမယ့် အလုပ် လုပ်နေရင်း သေမယ်။ လက်ကျန် အချိန်တွေကို အဓိပ္ပါယ်ရှိအောင် လုပ်မယ်..တရားဟော တရားပြ ဘုရားတည် စာသင် စာချ .. ဦးဇင်းတို့ တပည့်တော် အတူတူပဲ လုပ်ကြရမယ်…။

ယနေ့ နံနက်ခင်း ဝိမုတ္တိသုခရိပ်သာ လားရှိုးမြို့ ဒေသခံများကဆွမ်းကပ်ရင်း မြောက်ဦးဆရာတော်ဦးဝါယမိန္ဒ နဲ့စကားပြောသော စကားထဲမှ မှတ်သားစရာလေး ပြန်လည် ဖြန့်ချိပေးပါသည်။အားလုံး..ကျန်းမာ ချမ်းမြေ့ကြပါစေ…။” ဆိုပြီး လက်ကျန်အချိန်တွေကို အကောင်းဆုံးသမိုင်းရေးထိုးနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားမျှဝေထားခဲ့ပါတယ် CeleGabar ပရိသတ်ကြီးရေ။

Source – Zwe Naing Win
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Zwe Naing Win
Chilli – CeleGabar