ဆေးရုံတက်ရောက်ကာ ဆေးကုသမှုခံယူရမယ့်အကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့တဲ့ ဦးမိုးဒီ

Posted on

ပရိသတ်ကြီးရေ ဦးမိုးဒီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အရရှိထားတဲ့ ပရိသတ်အချစ်တော် ဝါရင့်သရုပ်ဆောင် အနုပညာရှင်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ ဟာသလူရွှင်တော်တစ်ယောက်အနေနဲ့သာမက ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့တဲ့သူပဲဖြစ်ပါတယ်။

အသက်အရွယ်ကြီးရင့်ပြီဖြစ်တာနဲ့အညီ ကျန်းမာရေးကလည်း တစ်ရံတစ်ခါမကောင်းဖြစ်တာတွေရှိနေပေမဲ့ ပရိသတ်တွေကတော့ သူတို့ချစ်တဲ့အနုပညာရှင်ကြီး ဦးမိုးဒီ ကျန်းကျန်းမာမာနဲ့ရိုက်ကူးရေးတွေလုပ်နေသေးတာကို သဘောကျနှစ်သက်နေခဲ့ကြပါသေးတယ်။ ဒီနေ့မှာတော့ ဦးမိုးဒီက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဆေးရုံတက်တာ ဆေးကုသမှုခံယူဖို့ရှိကြောင်း ချစ်ရတဲ့ ပရိသတ်တွေကို သတိပေးလာခဲ့ပါတယ်။”(5)ရက်နေ့ ဆေးရုံတတ်ရပါမယ် ” ဆိုပြီးစာလေးနဲ့အတူ

“အမြန်ဆုံးကျန်းကျန်းမာမာ နဲ့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့အတွက် ပရိတ်သတ်တွေရဲ့ ပို့သမေတ္တာလေးတွေ မျှော်လင့်လျက်ပါခင်ဗျာ” လို့လည်း ကျန်မာရေးတွေပြန်လည်ကောင်းမွန်လာဖို့ ပရိသတ်တွေမေတ္တာပို့ပေးကြဖို့လည်း မေတ္တာဓာတ်တွေတောင်းခံထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ဦးမိုးဒီတစ်ယောက် ကျန်းမာရေးတွေကောင်းစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – U Moe De_ဦးမိုးဒီ
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar