မြင်နေကျပုံစံမျိုးမဟုတ်ဘဲ တမူထူးခြားနေတဲ့ Pre Wedding ပုံလေးတွေကို မျှဝေလာခဲ့တဲ့ မိစန္ဒီ

Posted on

ပရိသတ်ကြီးရေ Rapper အဆိုတော်မလေးဖြစ်တဲ့ မိစန္ဒီရဲ့ မင်္ဂလာသတင်းလေးကို ပရိသတ်တွေအားလုံးလည်းကြားသိပြီးသားဖြစ်မှာပါနော်။ ဒီနေ့ ဇူလိုင်လ (၃)ရက်နေ့မှာတော့ မိစန္ဒီက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ သတို့သားလောင်းနဲ့ ရိုက်ကူးထားတဲ့ အမိုက်စား Pre Wedding ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။

ပုံလေေးတွနဲ့အတူလည်း “အခိုင်အမာ ဆုံးဖြတ်ထားလိုက်ပြီ တစ်ဘဝလုံးသက်ဆုံးတိုင် အထိ။ အရင်ကလို shooting တွေ မဟုတ်ဘဲ..ဒါက မိစန္ဒီ ချစ်ရတဲ့ တကယ့် သတို့သား အစစ်နဲ့ ရိုက်ထားတာလေးတွေ အမှတ်တရ ဝေမျှခွင့်ပြုပါရှင်။ အရမ်းကြီး မိန်းကလေးလည်း မဆန်ချင်ဘူး.. rapper လို bling bling လေးတွေ လည်း ဝတ်ချင်တယ်.. အဆိုတော် ပုံစံ music theme လေးလည်း ဖြစ်ချင်တယ်ဆိုလို့ သမီး ဘာမှ လှည့်ကြည့်ပြီး၊ လုပ်စရာမလိုအောင် အားလုံး ready စဉ်းစား စီစဉ်ပေးပြီး ချစ်ခြင်းမေတ္တာများဖြင့် ရိုက်ကူးပေး ကြတဲ့ ချစ်ရတဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်..I’m so blessed to have you all in my life ” ဆိုပြီးတော့လည်း ရေးသားဖော်ပြထားခဲ့ပါတယ်။

တကယ်ကို မြင်နေကျ ပုံစံတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့ အမိုက်စား Pre Wedding ပုံတွေကြောင့် မိစန္ဒီရဲ့ စိတ်ကူးကောင်းလေးကို ပရိသတ်တွေက သဘောကျနေခဲ့ကြရပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ Pre Wedding တောင်မှ အများနဲ့မတူအောင် အိုင်ဒီယာအသစ်နဲ့ ရိုက်နိုင်တဲ့ မိန္ဒီရဲ့ မင်္ဂလာပွဲကြီးကိုတော့ မျှော်လင့်နေပါပြီနော်။

Source – Mi Sandi
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-




 


 

Source – Mi Sandi
Chilli – CeleGabar